Health: ဝလွန်းတဲ့ ဖခင်တွေရဲ့ သမီးများ ရင်သားကင်ဆာ ဖြစ်နို်င်ခြေမြင့်

သုတေသနကို ဂျော့ဂ်ျတောင်းတက္ကသိုလ် ဆေးပညာဌာနက ပြုလုပ်ခဲ့တာဖြစ်ပြီး ဖခင်တွေ အဝလွန်မှုက သားသမီးတွေရဲ့ အနာဂတ် ကျန်းမာရေးအပေါ် သက်ရောက်မှုကို အဓိက လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။

play


အဝလွန်တဲ့ ဖခင်တွေရဲ့ သမီးဖြစ်သူတွေဟာ ရင်သားကင်ဆာဖြစ်နိုင်တဲ့ အန္တရယ်ပိုများကြောင်း သုတေသနအသစ်က ဆိုပါတယ်။ သုတေသီတွေရဲ့ အဆိုအရ အဝလွန်တဲ့ ဖခင်နဲ့ ပိန်သွယ်တဲ့ မိခင်က မွေးဖွားလာတဲ့ သမီးဖြစ်သူတွေဟာ မွေးဖွားစဉ်မှာ ပုံမှန်ထက်ဝဖြိုးနေပြီး ကလေးဘဝတစ်လျှောက်မှာလည်း အဝလွန်တတ်တယ်လို့ သိရပါတယ်။

play


အဆိုပါ သမီးဖြစ်သူတွေဟာ ရင်သားဖွံ့ဖြိုးမှု နှေးကွေးတတ်သလို ရင်သားကင်ဆာ ဖြစ်နိုင်ခြေလည်း ပိုများကြောင်း သုတေသီတွေက ပြောပါတယ်။ အဝလွန်တဲ့ အမျိုးသားတစ်ဦးရဲ့ သုက်ပိုး မျိုးဗီဇက မမွေးဖွားသေးတဲ့ ၎င်းရဲ့ သမီးဖြစ်သူကို ကျန်းမာရေးအရ သက်ရောက်မှုရှိကြောင်းလည်း သိရပါတယ်။

play


အဝလွန်မှုက ဖခင်ဖြစ်သူရဲ့ သုက်ပိုးနဲ့ သမိးဖြစ်သူရဲ့ ရင်သားတစ်ရှူးအပေါ် ပြောင်းလဲမှုဖြစ်စေကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ကာလမှာ အဝလွန်တဲ့ အမျိုးသမီးတွေက မွေးဖွားလာတဲ့ သမီးတွေဟာလည်း မွေးဖွားစဉ်ကတည်း ဝဖြိုးနေတတ်ပြီး သက်တမ်တစ်လျှောက် ရင်သားကင်ဆာကို ဖြစ်နိုင်တာကို သတိပြုသင့်တယ်လို့ ဆိုပါတယ်။

ယခု သုတေသနကို ဂျော့ဂ်ျတောင်းတက္ကသိုလ် ဆေးပညာဌာနက ပြုလုပ်ခဲ့တာဖြစ်ပြီး ဖခင်တွေ အဝလွန်မှုက သားသမီးတွေရဲ့ အနာဂတ် ကျန်းမာရေးအပေါ် သက်ရောက်မှုကို အဓိက လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။

အမျိုးသားတွေ အနေနဲ့ မွေးဖွားစဉ်မှာသာမက အနာဂတ်မှာလည်း ကျန်းမာတဲ့ ကလေးတွေ ရရှိနိုင်စေဖို့ စားသောက်နေထိုင်မှုကို မျှတစွာ ထိန်းသိမ်းပြီး အဝမလွန်အောင် ဂရိုစိုက်သင့်ကြောင်း သုတေသီတွေက အကြံပြုထားပါတယ်။ မိခင်လောင်းတွေဟာလည်း အလွန်ဝဖြိုးမှု မဖြစ်စေအောင် စားသောက်နေထိုင်မှုပုံစံကို ဂရုစိုက်သင့်ကြောင်း သုတေသနက ဆိုပါတယ်။
Source & Photo: DLML

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ