Health: ငါးကြီးဆီက သေစေနိုင်လောက်တဲ့ နှလုံးရောဂါဖြစ်မှု ၁၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်

အစေ့အဆန်နဲ့ ပင်လယ်စာ နှစ်ခုလုံးမှ ရရှိနိုင်တဲ့ ငါးကြီးဆီက သေစေနိုင်လောက် ပြင်းထန်တဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေကို ၁၀ ရာခိုင်နှုန်း လျော့ကျစေကြောင်း သုတေသီတွေက ထောက်ခံပြောကြားပါတယ်။


ငါးကြီးဆီ (Omega-3) ပါဝင်တဲ့ အစားအစာများစားခြင်းက သေစေနိုင်လောက်အောင် ပြင်းထန်းတဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေကို ၁၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း ဇွန်လ ၂၇ ရက်က ထုတ်ပြန်တဲ့ သုတေသနရလဒ်က ဆိုပါတယ်။


သုတေသီတွေက နိုင်ငံပေါင်း ၁၆ နိုင်ငံမှာ သွေးနဲ့ ငါးကြီးဆီ ပါဝင်မှုအပေါ် လေ့လာမှု ၁၉ ခု ပြုလုပ်ခဲ့ကြပြီး ၎င်းတို့ရဲ့ တွေ့ရှိချက်ကို JAMA Internal Medicine ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။


ယခင်ကလည်း ငါးကြီးဆီက နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေကို လျှော့ချပေးနိုင်ကြောင်း သုတေသနတွေ ရှိခဲ့ပေမဲ့ ယခု သုတေသနအသစ်က ပိုမိုအသေးစိတ်ကျစွာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။


အစေ့အဆန်နဲ့ ပင်လယ်စာ နှစ်ခုလုံးမှ ရရှိနိုင်တဲ့ ငါးကြီးဆီက သေစေနိုင်လောက် ပြင်းထန်တဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေကို ၁၀ ရာခိုင်နှုန်း လျော့ကျစေကြောင်း သုတေသီတွေက ထောက်ခံပြောကြားပါတယ်။

ယခု သုတေသနမှာ သုတေသီတွေက လူပေါင်း ၄၅,၆၃၀ ကို လေ့လာခဲ့ကြတာဖြစ်ပြီး ၎င်းတို့အနက် ၇,၇၉၃ ဦးက ပထမဆုံးအကြိမ် နှလုံးရောဂါ ခံစားရသူတွေဖြစ်ပြီး ၂,၇၈၁ ဦးကတော့ နှလုံးရောဂါဖြင့် သေဆုံးခဲ့ကြပါတယ်။
Source & Photo: CNA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ