Health: ဝက်ခြံပျောက်တယ်ဆိုတဲ့ တိုင်းရင်းဆေးဝါးတွေကို သတိပြုသုံးစွဲသင့်

အွန်လိုင်းမှာ အလွယ်တကူ ကြော်ငြာနေတဲ့ ဆေးတွေကိုလည်း အလွယ်တကူ မသုံးစွဲသင့်ကြောင်းနဲ့ ဆေးဝါးအရည်အသွေးကိုလည်း အဓိကထားသုံးစွဲသင့်ပါတယ်။

play

 

ဝက်ခြံ၊ တင်းတိပ်ပျောက်တယ်ဆိုတဲ့ တိုင်းရင်းဆေးဝါးတွေကို သုံးစွဲပြီး မျက်နှာရောင်ကိုင်းတာကြောင့် ဆေးခန်းလာပြတဲ့လူနာတွေ မကြာခဏတွေ့နေရတယ်လို့ ပြည်တွင်းသတင်းစာကြီး တစ်စောင်က ဖော်ပြပါတယ်။

မျက်နှာရောင်ကိုင်းတာဟာ စတီးရွိုက်ဆေးပါနေတာကြောင့်လားဆိုတာ စဉ်းစားစရာဖြစ်ပြီး တစ်ချို့တိုင်းရင်းဆေးဝါးတွေက မှတ်ပုံတင်တုန်းက ဖော်မြူလာတစ်မျိုးနဲ့တင်ကာ ဈေးကွက်ထဲဖြန်တော့ တစ်မျိုးဖြစ်သွားကြောင်း ဆရာဝန်တစ်ဦးက ပြောကြားထားတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။ အွန်လိုင်းမှာ အလွယ်တကူ ကြော်ငြာနေတဲ့ဆေးတွေကိုလည်း အလွယ်တကူ မသုံးစွဲသင့်ကြောင်းနဲ့ ဆေးဝါးအရည်အသွေးကို အဓိကထားသုံးစွဲသင့်တယ်လို့ ဆိုပါတယ်။

ဆေးဝါးတွေကို စိစစ်ကြပ်မတ်မှုတွေလုပ်နေပေမဲ့ လွတ်သွားတာမျိုး ရှိနိုင်တာကြောင့် ပြည်သူတွေကလည်း သတင်းအချက်အလက်ပေးပို့နိုင်ကြောင်း နေပြည်တော်တိုင်းရင်းဆေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရီရီမြင့်က ပြောကြားထားတယ်လို့လည်း သိရပါတယ်။

Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ