Health: နောက်ဆက်တွဲ ဆိုးကျိုးများတာကြောင့် အသည်းအဆီဖုံးရင် ဂရုစိုက်ဖို့လို

အရက်သောက်တာကြောင့် အသည်းတွင်းဒဏ်ရာဖြစ်ပြီး အဆီဖုံးတာ၊ ကိုယ်ဝန်ဆောင်စဉ် အသည်းအဆီဖုံးတာနဲ့ အဝလွန်ပြီး အဆီအဆိမ့်စားတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ 

play

 

အသည်းအဆီဖုံးဖြစ်ရင် လက္ခဏာမပြပေမဲ့ နောက်ဆက်တွဲဆိုးကျိုးများတာကြောင့် ဂရုစိုက်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။ အသည်းအဆီဖုံးတာကို ဂရုမစိုက်တဲ့အခါ အသည်းခြောက်လာပြီး နောက်ဆုံးအသည်းကင်ဆာအဖြစ်ကို ကူးပြောင်းသွားနိုင်တယ်လို့ အထွေထွေရောဂါကု ဒေါက်တာဇာနည်ဇင်က ပြောကြားထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။

အသည်းအဆီဖုံးတယ်ဆိုတာ အသည်းတစ်ခုလုံးကို အဆီဖုံးတာ မဟုတ်ဘဲ အသည်းထဲက ဆဲလ်တစ်ချို့မှာ အဆီအိတ်ဥလေးတွေ စုဝေးနေတာဖြစ်ပါတယ်။ အသည်းအဆီဖုံးရတဲ့ အကြောင်းအရင်းပေါင်းများစွာရှိပြီး အရက်သောက်တာကြောင့် အသည်းတွင်းဒဏ်ရာဖြစ်ပြီး အဆီဖုံးတာ၊ ကိုယ်ဝန်ဆောင်စဉ် အသည်းအဆီဖုံးတာနဲ့ အဝလွန်ပြီး အဆီအဆိမ့်စားတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ 

အသည်းအဆီဖုံးတာကြောင့် ရင်ခေါင်းလက်ယာဘက်အပေါ်ဘက်မှာ တင်းကြပ်တာ၊ လက်ယာရင်ဘက်အောက် မအီမသာဖြစ်တာ၊ အတန်ငယ်နာကျင်တာ၊ အားနည်းတာ၊ အစားအသာက်ပျက်တာနဲ့ နုံးချည့်လာတာ စတဲ့လက္ခဏာတွေ ဖြစ်ပေါ်တတ်ပါတယ်။

Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ