Health: ဟင်းနုနွယ်ရွက်စားခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးများ

ဟင်းနုနွယ်ရွက်စားခြင်းဖြင့် ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူး (၄) ခု ဖြစ်ပါတယ်။

play

ကင်ဆာကိုတိုက်ဖျက်နိုင်စွမ်း

ဟင်းနုနွယ်မှာ ပါဝင်တဲ့ ဓာတ်ပစ္စည်းတွေက ကင်ဆာဆဲလ်များ ပျံ့နှံ့ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဟင်းနုနွယ် ပုံမှန်စားတဲ့ အမျိုးသမီးတွေဟာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ လျော့နည်းကြောင်း သုတေသီတွေက ဆိုပါတယ်။

play

ရောင်ရမ်းမှုလျော့ကျစေနိုင်

ကင်ဆာကို တိုက်ဖျက်နိုင်တဲ့ ဓာတ်ပစ္စည်းတွေ ပါဝင်တဲ့ ဟင်းနုနွယ်က ရောင်းရမ်းမှုတွေကိုလည်း လျော့ကျသက်သာစေပါတယ်။ ဟင်းနုနွယ်မှာ ရောင်ရမ်းမှုကို သက်သာစေတဲ့ ဓာတ်ပစ္စည်းများ ကြွယ်ဝစွာပါဝင်ပါတယ်။

ဓာတ်တိုးဆန့်ကျင့်မှု

ဟင်းနုနွယ်မှာ ဗီတာမင် A, C နဲ့ E တို့အပြင် ဓာတ်တိုးဆန့်ကျင့်တဲ့ ဇင့်ဓာတ်နဲ့ ဆီလီနီယမ်တို့လည်း ပါဝင်ပါတယ်။ ဟင်းနုနွယ်စားခြင်းဖြင့် သွေးတိုးခြင်းကို ထိန်းညှိပေးနိုင်သလို သွေးအတွင်း ကိုလက်စထရောပမာဏကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ ဟင်းနုနွယ်က မျက်လုံးကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။

play

အရိုးကျန်းမာရေးကောင်းမွန်စေနိုင်

ဟင်းနုနွယ်စားခြင်းက အရိုးကျန်းမာရေးကို အထောက်အကူပြုပါတယ်။ ဟင်းနုနွယ်မှာ ပါဝင်တဲ့ ဗီတာမင် K က အရိုးတွေ ကျန်းမာသန်စွမ်းဖို့အတွက် လိုအပ်ပါတယ်။ ဒါ့အပြင် ဟင်းနုနွယ်မှာ အရိုးကျန်းမာရေး ကောင်းမွန်စေတဲ့ မဂ္ဂနီစီယမ်နဲ့ ကယ်လ်စီယမ်တို့လည်း ပါဝင်တာကြောင့် ပုံမှန်စားပေးခြင်းဖြင့် အရိုးကျန်းမာရေး ကောင်းမွန်စေပါတယ်။
Source & Photo: health benefits

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ