Health: ကမ္ဘာ့အဝဆုံး ၁၀ နှစ်သား ကလေးငယ်

တစ်နေ့ကို ငါးကြိမ်လောက်စားပြီး တစ်ခါစားရင် လူကြီးနှစ်ယောက်စာ စားလေ့ရှိပါတယ်။

play

 

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်က အာယာ ပါမာနာဆိုသူ ၁၀ နှစ်သား ကောင်လေးကို ကမ္ဘာ့အဝဆုံး ၁၀ နှစ်သားလို့တောင် ခေါ်ရမလိုပါ။ ဝဝကစ်ကစ်ကလေးတွေက ချစ်ဖို့ကောင်းပေမယ့် ပေါင် ၄၀၀ ဆိုတာကတော့ အဝလွန်နေတာဖြစ်ပါတယ်။

play

 

အာယာလေးဟာ တစ်နေ့ကို ငါးကြိမ်လောက်စားပါတယ်။ ထမင်း၊ ငါး၊ အသား၊ သီးရွက်စွပ်ပြုတ်နဲ့ Tempeh လို့ခေါ်တဲ့ ပဲမုန့်တို့ကို အစားများပါတယ်။ အဲ့ဒီပဲမုန့်တစ်ခုဟာ လူကြီးနှစ်ယောက်ကိုဗိုက်ဝစေပေမယ့် အာယာအတွက်တော့ မလုံလောက်ပါဘူး။ သင့်တော်တဲ့အဝတ်အစားလည်း ဝယ်လို့မရလို့ ပုဆိုးစ၊ အဝတ်စကိုသာပတ်ပြီး နေနေရပါတယ်။

play

 

အမြဲတမ်းမောပန်းနေပြီး အသက်ရှုတာကလည်းပုံမှန်မဟုတ်ပါဘူး။ စားလိုက်၊ အိပ်လိုက်နဲ့ပဲ အချိန်ကုန်နေတဲ့ အာယာက ကျန်အချိန်တွေမှာဆို တစ်နေ့ကို သုံးနာရီလောက် ရေချိုးကန်ထဲစိမ်နေလေ့ရှိပါတယ်။

play

 

အရွယ်နဲ့မလိုက်အောင် အဝလွန်နေတဲ့ အာယာကို မိဘတွေကို စိတ်ပူနေကြရပါပြီ။ ဒီအတိုင်းနေရင် ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားနိုင်တာကြောင့် အာယာကို ဝိတ်ချပေးဖို့တော့ ပြင်ဆင်နေကြပါတယ်။

Source : Telegraph

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ