Health: ပျင်းစရာကောင်းတဲ့ အလုပ်ကြောင့် ဦးနှောက်ထိခိုက်နိုင်

စိတ်ဝင်စားစရာမကောင်းတဲ့ ပျင်းရိငြီးငွေ့ဖွယ် အလုပ်နဲ့ သန့်ရှင်းမှုမရှိတဲ့ လုပ်ငန်းခွင် ပတ်ဝန်းကျင်က ဝန်ထမ်းတွေကို သိသာထင်ရှားတဲ့ ရေရှည်သက်ရောက်မှုရှိပါတယ်။

play


လူတိုင်းမှာ ပျင်းရိငြီးငွေ့စရာကောင်းတဲ့ အလုပ်တစ်ခု ရှိခဲ့ကြဖူးမှာပါ။ ဒီလိုမျိုး အလုပ်ကိုလုပ်ရတဲ့အခါ အလုပ်အပေါ်မှာထက် အိမ်ပြန်ချိန်ရောက်ဖို့ကိုပဲ တွက်ချက်စိတ်စောနေမိကြပါတယ်။ သုတေသနတစ်ခုရဲ့ တွေ့ရှိချက်အရ စိတ်ဝင်စားစရာမကောင်းတဲ့ ပျင်းရိငြီးငွေ့စရာ အလုပ်ကိုလုပ်နေရခြင်းက ဦးနှောက်စွမ်းရည်အပေါ် ရေရှည်သက်ရောက်မှုရှိတယ်လို့ သိရပါတယ်။

play


ဖလော်ရီဒါပြည်နယ်တက္ကသိုလ်မှ သုတေသီတွေက စိတ်ဝင်စားစရာမကောင်းတဲ့ ပျင်းရိငြီးငွေ့ဖွယ် အလုပ်နဲ့ သန့်ရှင်းမှုမရှိတဲ့ လုပ်ငန်းခွင် ပတ်ဝန်းကျင်က ဝန်ထမ်းတွေကို သိသာထင်ရှားတဲ့ ရေရှည်သက်ရောက်မှုရှိကြောင်း တွေ့ရှိခဲ့ကြပါတယ်။ သုတေသီတွေက ဝန်ထမ်း ၅,၀၀၀ နီးပါးရဲ့ အချက်အလက် မှတ်တမ်းတွေကို ပြုစုလေ့လာခဲ့ကြတာ ဖြစ်ပါတယ်။

play


၎င်းတို့ရဲ့ တွေ့ရှိချက်အရ ပျင်းစရာကောင်းတဲ့ အလုပ်ကိုလုပ်ရသူတွေဟာ ဦးနှောက်စွမ်းဆောင်ရည် ကျဆင်းလာပြီး အသက်အရွယ်ရလာတဲ့အခါ မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်နိုင်မှုကို ထိခိုက်စေကြောင်း သိရပါတယ်။ ဒါ့အပြင် ညစ်ပတ်တဲ့ လုပ်ငန်းခွင်ကလည်း ဝန်ထမ်းတွေရဲ့ ဦးနှောက်ကို ဆိုးကျိုးသက်ရောက်မှုရှိကြောင်း သုတေသီတွေက ဆိုပါတယ်။

play


ဦးနှောက်ဟာလည်း ခန္ဓာကိုယ်မှကြွက်သား အစိတ်အပိုင်းတစ်ခု ဖြစ်တာကြောင့် ပုံမှန်အသုံးပြုနေမှုနဲ့ လှုပ်ရှားမှု လိုအပ်ကြောင်း သုတေသီတွေရဲ့ ထောက်ပြပါတယ်။ လေ့လာသင်ယူစရာနဲ့ ပြဿနာဖြေရှင်းရတဲ့ စိန်ခေါ်မှုမျိုးတွေ မရှိတဲ့ ပျင်းရိငြီးငွေ့စရာ အလုပ်ကြောင့် ဦးနှောက်စွမ်းဆောင်ရည် ကျဆင်းပျက်စီးနိုင်ကြောင်း သုတေသနရလဒ်က ဖော်ပြထားပါတယ်။
Source & Photo: DLML

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ