Health: ပလတ်စတစ်နဲ့မိတ်ကပ်မှာ တွေ့ရတဲ့ ဓာတုပစ္စည်းတွေက ကလေးတွေရဲ ဦးနှောက်ကို ထိခိုက်နိုင်

ကလေးတွေကို ကာကွယ်ဖို့ အဆိုပါပစ္စည်းတွေနဲ့ ထိတွေ့ခြင်းကို လျှော့ချရမှာ ဖြစ်ပါတယ်။

play

 

ပလတ်စတစ်ဗူးနဲ့ မိတ်ကပ်တွေမှာ တွေ့ရတဲ့ ဓာတုပစ္စည်းတွေဟာ ကလေးတွေရဲ့ ဦးနှောက်ကို ထိခိုက်စေနိုင်တယ်လို့ သိရပါတယ်။

 Daily Mail ရဲ့ဖော်ပြချက်အရ မိတ်ကပ်နဲ့ ပလတ်စတစ်ဗူးတွေမှာ တွေ့ရတဲ့ phthalates ဓာတုပစ္စည်းဟာ သန္ဓေသားနဲ့ မွေးဖွားပြီး ကလေးတွေရဲ့ ဦးနှောက်ကို ထိခိုက်စေတာ ဖြစ်ပါတယ်။ ညဏ်ရည်ကို နိမ့်ကျသွားစေပြီး လူမှုအသိုင်းအဝိုင်းနဲ့ ဆိုင်တဲ့ ပြဿ     နာတွေရှိစေတယ်လို့ ဆိုပါတယ်။ မိခင်ဟာ phthalates ဓာတုပစ္စည်းနဲ့ထိတွေ့ခြင်းကြောင့် ဗိုက်ထဲက ကလေးကိုပါ ထိခိုက်ခြင်းရှိမရှိ သိရှိစေဖို့ သုတေသနသမားတွေဟာ ဆက်လက်လေ့လာမှုတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

play

 

ကလေးတွေကို ကာကွယ်ဖို့ အဆိုပါပစ္စည်းတွေနဲ့ ထိတွေ့ခြင်းကို လျှော့ချခြင်းဟာ လုပ်ရမှာ ဖြစ်တယ်လို့လည်း အီလီနွိုက် တက္ကသိုလ်ပါမောက္ခဆူဆန်ရှက် ကပြောကြားထားပါတယ်။

Photos & Source: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ