Health: နေ့စဉ် ၁၀ မိနစ် အကြောဆန့်ရင် စိတ်ကျရောဂါနဲ့ သွေးဆုံးချိန်ဝေဒနာကို သက်သာစေ

ခန္ဓာကိုယ် ကိုက်ခဲနာကျင်မှု၊ ကောင်းကောင်းအိပ်မပျော်မှုတွေကိုပါ ကုစားပေးနိုင်တယ်လို့လည်း ပြောပါတယ်။

play

 

အမေရိကန်က မီးယပ်သွေးဆုံးခြင်းဆိုင်ရာ အထူးကု ဒေါက်တာဂျိုအန်း ပင်ကာတန်ရဲ့ အဆိုအရ နေ့စဉ် ၁၀ မိနစ်ခန့် အကြောဆန့်လေ့ကျင့်ခန်းလုပ်တဲ့ အမျိုးသမီးတွေဟာ စိတ်ကျရောဂါကို သက်သာစေပြီး မီးယပ်သွေးဆုံးချိန် ခံစားရတဲ့လက္ခဏာတွေ လျော့ပါးစေတယ်လို့ ဆိုပါတယ်။ ဒါတင်မက ခန္ဓာကိုယ် ကိုက်ခဲနာကျင်မှု၊ ကောင်းကောင်းအိပ်မပျော်မှုတွေကိုပါ ကုစားပေးနိုင်တယ်လို့လည်း ပြောပါတယ်။

play

 

" တကယ်လို့ အမျိုးသမီးတွေဟာ နေ့စဉ် မိနစ် ၃၀ လမ်းလျှောက်ပြီး ၁၀ မိနစ် အကြောဆန့်ပေးမယ်ဆို ကျန်းမာရေးကောင်းလာမယ်၊ သွေးဆုံးကိုင်တဲ့ဝေဒနာကို မခံစားရဘူး၊ နေလို့ထိုင်လို့ကောင်းလာမယ့်အပြင် အိပ်လို့လည်းကောင်းလာမယ်" လို့ ဒေါက်တာဂျိုအန်းက အကြံပေးပါတယ်။

play

 

အသက် ၄၀ မှ ၆၁ နှစ်ကြား ဂျပန်အမျိုးသမီး ၄၀ ကို စမ်းသပ်သုတေသနလုပ်ပြီး ရလာဒ်တွေအရ သက်လတ်ပိုင်းအမျိုးသမီးတွေကို အကြောဆန့်ဖို့ တိုက်တွန်းခဲ့ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ