Health: ဆယ်ဖီ အမြဲရိုက်ခြင်းက လက်ကို ထိခိုက်စေနိုင်

Selfie elbow လို့ခေါ်တဲ့ လက်နာကျင်ကိုက်ခဲတဲ့ ရောဂါဟာ ယနေ့ခေတ်မှာ အဖြစ်များနေပါတယ်။

play

 

သတင်းထောက်တစ်ဦးဖြစ်တဲ့ ဟိုဒါကော့ဘ်ဟာ ဆယ်ဖီရိုက်လွန်းတဲ့အတွက် လက်နာကျင်တဲ့ ဝေဒနာကို ခံစားနေရပါတယ်။ အခုနောက်ပိုင်းမှာ သူမဟာ သူမရဲ့လက်မောင်းနဲ့ တံတောင်ဆစ် နာကျင်လာတဲ့အတွက် အရိုးအထူးကုဆီကို သွားပြခဲ့ပါတယ်။ အထူးကုက သူမကို တင်းနစ် ဒါမှမဟုတ် ပင်ပေါင်ကစားသလားလို့ မေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီကစားနည်းနှစ်မျိုးလုံးကို မကစားတဲ့ ဟိုဒါနဲ့ အထူးကုတို့ဟာ ရောဂါဖြစ်ရခြင်း ဇစ်မြစ်ကို ရှာဖွေလိုက်ချိန်မှာ အားကစားတွေ၊ လေ့ကျင့်ခန်းတွေ လုပ်တာကြောင့် မဟုတ်ဘဲ ဆယ်ဖီရိုက်ခြင်းကြောင့်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

play

 

ဆယ်ဖီတစ်ပုံ ရိုက်ဖို့အတွက် လက်ကို လိမ်ထားရပြီး ရိုက်ရတဲ့အပြင် အလှဆုံးပုံတစ်ပုံရဖို့ အကြိမ်ကြိမ်အခါခါ ရိုက်ရတယ်လို့ သူမက ဆိုပါတယ်။

အခုဆိုရင် ဟိုဒါခမြာ တံတောင်ကို ရေခဲကပ်လို့ လက်လေ့ကျင့်ခန်းတွေလည်း လုပ်နေရကာ နာကျင်မှု သက်သာစေဖို့ အကိုက်အခဲပျောက်ဆေးတွေလည်း သောက်နေရပါတယ်။

play

 

ဒါပေမဲ့ အဲဒီခေတ်ပေါ်ရောဂါကို ရတာ သူမတစ်ဦးတည်း မဟုတ်ပါဘူး။ အခုအခါမှာ အဲဒီပြဿနာက အတွေ့များလာပြီး အထူးသဖြင့် ဆယ်ဖီအရိုက်များတဲ့ လူတွေမှာ ဖြစ်တတ်တယ်လို့ နယူးယော့ခ် အထူးခွဲစိတ်ဆေးရုံက ဒေါက်တာ ဂျောဒန်မက်ဇ်က ပြောခဲ့ပါတယ်။

Source & photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ