Health: မိဘတွေရဲ့ စွက်ဖက်မှုကို ခံရလွန်းသော ကလေးများ လူငယ်ဘဝတွင် စိတ်ဓာတ်ကျမှု ပိုဖြစ်လေ့ရှိ

 သုတေသနဟာအသက် ၁၈ နှစ်ကနေ ၂၅ နှစ်အရွယ်  ကော်လိပ်ကျောင်းသား ၄၅၀ ကို လေ့လာခဲ့တာဖြစ်ပါတယ်။ 

play

 

မိဘတွေရဲ့ စွက်ဖက်မှုကိုခံရလွန်းတဲ့ ကလေးတွေဟာ လူငယ်ဘဝမှာ စိတ်ဓာတ်ကျမှုနဲ့ စိုးရိမ်မှုတွေ ပိုဖြစ်လေ့ရှိတယ်လို့ သုတေသနတစ်ခုက ဖော်ပြပါတယ်။

ကောင်းစေချင်တဲ့ ဆန္ဒနဲ့ ဆိုပေမဲ့ ဆုံးဖြတ်ချက်ချတဲ့ ကိစ္စတွေမှာ ကလေးတွေကို ထောက်ပံ့တဲ့ ပုံစံကနေ  အလွန်အမင်း ဝင်ရောက်စွက်ဖက်တဲ့ ပုံစံပြောင်းသွားပြီး ဒါဟာ လူငယ်တွေ စိတ်ဓာတ်ကျမှုနဲ့ စိုးရိမ်မှုလိုကိစ္စတွေနဲ့ တိုက်ရိုက်ပက်သက်နေတယ်လို့ လေ့လာမှုကို ပြုလုပ်ခဲ့သူ ဖလော်ရီဒါတက္ကသိုလ်မှာ သုတေသနသမား ကေလာရီက ပြောကြားထားပါတယ်။

play

 

 သုတေသနဟာအသက် ၁၈ နှစ်ကနေ ၂၅ နှစ်အရွယ်  ကော်လိပ်ကျောင်းသား ၄၅၀ ကို လေ့လာခဲ့တာဖြစ်ပါတယ်။  ဘဝနဲ့ပက်သက်တဲ့ ဆုံးဖြတ်ချက်တွေမှာ အမေဖြစ်သူက ဘယ်လောက်ပါဝင်ပက်သက်မှုရှိတယ်ဆိုတာကို မေးခွန်းတွေ မေးပြီး သုတေသနပြုခဲ့တာ ဖြစ်ပါတယ်။

Photos & Source: Zee News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ