Health: ကျန်းမာရေး အကျိုးကျေးဇူး များစွာပေးတဲ့ မြည်းနို့

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ငယ်ငယ်တုန်းက မြည်းနို့ပဲ သောက်သုံးခဲ့တယ်လို့ ဆိုပါတယ်။

play

 

ဆိတ်နို့၊ ပဲနို့နဲ့ နွားနို့တွေဟာ လက်တလော လူတွေ သောက်သုံးနေကြတဲ့ နို့တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ နို့တစ်မျိုးကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ အဲဒါကတော့ မြည်းနို့ပါပဲ။ မြည်းနို့ဟာ ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိတယ်လို့ Huffington Post မှာ ဖော်ပြထားပါတယ်။

play

 

မြည်းနို့က နွားနို့ထက် အဆီနည်းပါးပြီး ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုကို လျှော့ချပေးတဲ့ အဆီအက်ဆစ်တွေ ပါရှိတယ်လို့ ဆိုထားပါတယ်။ မြည်းနို့ဟာ နွားနို့ထက်ပိုပြီး လူနို့နဲ့ ပိုပြီး နီးစပ်ကာ လူနို့လိုပဲ ပရိုတင်းဓာတ်နဲ့ သတ္တုဓာတ်ပါဝင်တယ်လို့ အာဟာရပညာရှင် ရှားလော့စတာလင်က ပြောပါတယ်။

play

 

ဒါ့အပြင် နွားနို့နဲ့ မတည့်သူတွေလည်း ပြောင်းလဲသောက်သုံးစရာ ဖြစ်နိုင်ပါတယ်။ တကယ်တော့ မြည်းနို့ဟာ အသစ်အဆန်းတစ်ခု မဟုတ်ဘဲ အလှပြင်ပစ္စည်းများတွင်လည်း မကြာခဏ အသုံးပြုဖူးပြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကလေးဘဝက မြည်းနို့ပဲ သောက်ခဲ့တယ်လို့ ဆိုပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ