Health: ကြက်ဥလတ်အောင် ဘယ်လိုထားမလဲ၊ ကြက်ဥလတ်မလတ် ဘယ်လိုသိနိုင်လဲ

ကြက်ဥဟာ ဇလုံအောက်ခြေထိ မြှပ်သွားရင် အလတ်ဆုံးကြက်ဥ ဖြစ်ပါတယ်။

play

 

ကြက်ဥကို ဘယ်လိုထားမလဲ

လူတော်တော်များများဟာ ကြက်ဥကို ရေခဲသေတ္တာထဲမှာ သိမ်းတတ်ပါတယ်။ သိမ်းတဲ့အခါမှာလည်း ကြက်ဥထည့်တဲ့ အပေါက်လေးတွေပါတဲ့ အပိုင်းမှာ သိမ်းတတ်ကြပါတယ်။ တကယ်တော့ ကြက်ဥကို သိမ်းဖို့အကောင်းဆုံးနေရာက ရေခဲသေတ္တာရဲ့ အဓိက ကိုယ်ထည်ထဲမှာ ဖြစ်ပါတယ်။ ဒီနေရာက ပိုအေးပြီး အပူချိန်ကလည်း ကြက်ဥတစ်လုံးအတွက် ပိုပြီး သင့်လျော်မျှတပါတယ်။

ဘယ်လိုစမ်းသပ်မလဲ

ဇလုံတစ်ခုထဲ ရေဖြည့်ပြီး ကြက်ဥကိုထည့်လိုက်ပါ။ ကြက်ဥဟာ ဇလုံအောက်ခြေထိ မြှပ်သွားရင် အလတ်ဆုံးကြက်ဥ ဖြစ်ပါတယ်။ မြှပ်ပေမဲ့ အောက်ခြေမှာ ထောင်နေသလိုပုံစံရှိတယ်ဆိုရင်လည်း လတ်ပါသေးတယ်။ ဒါပေမဲ့ မြန်မြန်သုံးသင့်နေပါပြီ။ လုံးဝမမြှပ်ဘဲ ရေပေါ်မှာ ပေါ်နေတယ်ဆိုရင်တော့ လွှင့်ပစ်ရမှာ ဖြစ်ပါတယ်။ မလတ်တဲ့အပြင် မစားသင့်တော့ပါဘူး။

Photos & Source: Lifehack

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ