Health: လေတစ်ကြိမ်ဖြတ်ဖူးရင် နောက်တစ်ကြိမ် ဖြစ်နိုင်ခြေ ငါးဆရှိ

, updated

လေဖြတ်ခြင်းဟာ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။

play

 

လေတစ်ကြိမ်ဖြတ်ဖူးရင် နောက်ထပ် လေဖြတ်ဖို့ အခွင့်အလမ်း ငါးဆလောက်ရှိတယ်လို့ သိရပါတယ်။ ဒီလိုမျိုး နောက်ထပ်လေဖြတ်နိုင်ခြေ အခွင့်အလမ်းများတာကြောင့် လေတစ်ကြိမ်ဖြတ်ဖူးရင် ပေါ့ပေါ့ဆဆ မနေသင့်ဘူးလို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ သမားတော်ကြီး တွဲဖက်ပါမောက္ခ ဒေါက်တာစမ်းဦးက ပြောကြားထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

 လေတစ်ခါဖြတ်ဖူးရင် နောက်တစ်ခါဖြတ်ဖို့အခွင့်အလမ်း နှစ်ဆကနေ ငါးဆထိ ရှိနေတာ ဖြစ်ပြီး ဆေးရုံကဆင်းသွားပေမဲ့ နောက်ဆက်တွဲကုသမှုတွေကို မှန်မှန်လိုက်နာဖို့ လိုတယ်လို့လည်း ပြောကြားထားပါတယ်။ လေဖြတ်ခြင်းဟာ အသက်အရွယ်မရွေး ဖြစ်နိုင်ပြီး မဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းကသာ အကောင်းဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ အားကစားလေ့ကျင့်ခန်းမျိုး ပုံမှန်လုပ်ကာ အစားလည်း ရှောင်သင့်တာ ဖြစ်ပါတယ်။

Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ