Health: ၁၀၃ နှစ်ပြည့်မွေးနေ့ပြုလုပ်ကြမယ့် ကမ္ဘာ့အသက်ကြီးဆုံး အမြွှာညီအစ်ကို

အမျိုးသမီးတွေနဲ့ဝေးဝေးနေလို့ ကျန်းမာတယ်လို့ ပြောကြပါတယ်။

play

 

ကမ္ဘာ့အသက်ကြီးဆုံး သက်ရှိထင်ရှား အမြွှာညီအစ်ကိုအဖြစ် မှတ်တမ်းဝင်ထားတဲ့ ဘယ်လ်ဂျီယံအဘိုးအိုနှစ်ဦးဟာ သူတို့ရဲ့ ၁၀၃ နှစ်ပြည့် မွေးနေ့ပွဲကို ပြုလုပ်ကြဦးမယ်လို့ သိရပါတယ်။ ပီတာနဲ့ ပေါလက်စ် ဆိုတဲ့ ညီအစ်ကိုနှစ်ဦးကို ၁၉၁၃ ခုနှစ်က မွေးဖွားခဲ့တာဖြစ်ပြီး လာမယ့် ဇူလိုင် ၈ ရက်နေ့ဆိုရင် အသက် ၁၀၃ နှစ် ပြည့်ပါပြီ။

အဘိုးအိုနှစ်ဦးဟာ ကျန်းမာရေးလည်းကောင်းမွန်နေကြပြီး သူတို့အသက် ၈၅ နှစ်မှာ ဆရာဝန်က သူတို့ကို အသက် ၁၀၀ ထိ နေရမှာမဟုတ်ဘူးလို့ မှတ်ချက်ပေးခဲ့ပါတယ်။ ညီအစ်ကိုနှစ်ဦးက သင့်သင့်မြတ်မြတ်ရှိကြပြီး တစ်ယောက်ရဲ့နောက်ဆုံးချိန်အထိ နောက်တစ်ယောက်က ရှိနေပေးကြမယ့်ညီအစ်ကိုတွေလည်း ဖြစ်ပါတယ်။

play

 

သူတို့နှစ်ဦး ခုလိုအသက်ရှည်နေရခြင်း လျှို့ဝှက်ချက်ကတော့ တစ်နေ့ကို ဝိုင်နီတစ်ဖန်ခွက်သောက်ကာ သင့်တင့်မျှတတဲ့အစာပမာဏကိုသာ စားသုံးလို့ဖြစ်တယ်လို့ ဆိုပါတယ်။ နောက်တစ်ချက်ကတော့ အမျိုးသမီးတွေနဲ့ဝေးဝေးနေတာပါပဲလို့တော့ ဆိုကြပါတယ်။

Source : Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ