Health: ကိုးနှစ်အရွယ်ကစပြီး သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးသင့်

သားအိမ်ခေါင်းကင်ဆာကြောင့် ကမ္ဘာပေါ်မှာ သေဆုံးသူ တစ်နှစ်ကို နှစ်သိန်းခွဲကျော်ရှိပါတယ်။

play

 

သားအိမ်ခေါင်းကင်ဆာမဖြစ်စေရေးအတွက် ကိုးနှစ်အရွယ်ကစပြီး သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးခြင်းဟာ အကောင်းဆုံး ဖြစ်တယ်လို့ သိရပါတယ်။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးမယ်ဆိုရင် အသက် ၉ နှစ်ကနေ ၁၅ နှစ်ဆို နှစ်ကြိမ်ထိုးရပြီး အသက် ၁၅ နှစ်အထက်ဆို သုံးကြိမ်ထိုးရပါတယ်။

ကင်ဆာတွေထဲမှာ သားအိမ်ခေါင်ကင်ဆာနဲ့ အသည်းကင်ဆာကို ကာကွယ်ဆေးထိုး ကာကွယ်နိုင်တာ ဖြစ်ပြီး ကလေးတွေကို စောစီးစွာ ထိုးပေးဖို့ မိဘတွေကို ပညာပေးဖို့ လိုတယ်လို့ ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာစောဝင်းက ပြောကြားထားကြောင်း သိရပါတယ်။ မြန်မာနိုင်ငံမှာ ရင်သားကင်ဆာပြီးရင် သားအိမ်ခေါင်းကင်ဆာဟာ အဖြစ်များဆုံး ဖြစ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာကြောင့် ကမ္ဘာပေါ်မှာ သေဆုံးသူ တစ်နှစ်ကို နှစ်သိန်းခွဲကျော်ရှိပါတယ်။

Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ