Health: ခါးနာမှုကို ဖြစ်စေတဲ့ အလေ့အကျင့်ဆိုး (၅) ခု

ခါးနာအဖြစ်များဆုံး အကြောင်းအရင်းတစ်ခုဟာ လေးလွန်းတဲ့ ပစ္စည်းတွေကို မတာ ဖြစ်ပါတယ်။

play

၁ - မွေ့ရာပျော့

မွေ့ရာပျော့ပျော့မှာ အိပ်ရတာ ပထမတော့ ဇိမ်ရှိပါတယ်။ ဒါပေမဲ့ သင့်ကျောရိုးကို ထောက်ပေးမထားနိုင်တာကြောင့် ကြာရင် ခါးနာလာပါမယ်။ ဒီ့အတွက် မာတဲ့ မွေ့ရာမျိုးကိုရွေးရမှာလည်း မဟုတ်ပါဘူး။ မမာမပျော့ဘဲ သင့်လျော်တဲ့ မွေ့ရာမျိုး ရွေးသင့်ပါတယ်။

၂ - ကားအကြာကြီးမောင်းတာ

ကားအကြာကြီးမောင်းတာဟာ ခါးကို ဖိအား အကြာကြီး ပေးထားသလို ဖြစ်ပါတယ်။ အကြာကြီးမောင်းရတော့မယ်ဆို ခါးကို ၉၀ ဒီဂရီ အနေအထားနဲ့ မတ်မတ်ထိုင်ထားဖို့ အရေးကြီးပါတယ်။

၃ - ဒေါက်ဖိနပ်

play

 

ဒေါက်ဖိနပ်အကြာကြီး စီးတာကလည်း သင့်ကျောရိုးကို ထိခိုက်ပါတယ်။ ကြာကြာလျှောက်ရမယ့် ကိစ္စတွေမှာ ဒေါက်ဖိနပ်စီးသွားတာမျိုး ရှောင်သင့်ပါတယ်။

၎ - ကြာကြာထိုင်ခြင်း

 ကြာကြာထိုင်နေတာဟာ မတ်တပ်ရပ်နေတာထက် ခါးပေါ်ဖိအား ၄၀ ရာခိုင်နှုန်းလောက် ပိစေပါတယ်။ မာတဲ့ခုံမျိုးမှာ ထိုင်သင့်ပါတယ်။ ထိုင်နေတုန်းလည်း မကြာခဏထပေးသင့်ပါတယ်။

၅ - လေးလွန်းတဲ့ ပစ္စည်း

play

 

ခါးနာအဖြစ်များဆုံး အကြောင်းအရင်းတစ်ခုဟာ လေးလွန်းတဲ့ ပစ္စည်းတွေကို မတာ ဖြစ်ပါတယ်။ ပစ္စည်းတစ်ခုကို မတဲ့အခါ ကုန်းပြီးယူတာမျိုး မလုပ်ဘဲ ဆောင့်ကြောင့်ထိုင် ဒူးကွေးပြီး ပုံပါအတိုင်း ယူဖို့ လိုပါတယ်။

Photos & Source: Zee News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ