Health: ညဘက် အပေါ့ခဏခဏ သွားတာ ဘာကြောင့်လဲ

, updated

တစ်ခါတလေ အပေါ့သွားချင်တာကြောင့် နိုးလာတာမဟုတ်ပေမဲ့ အပေါ့ထသွားတတ်ပါတယ်။

play

 

၁ - အိပ်ခါနီးအချိန်မှာ ရေအများကြီး သောက်လို့ ဖြစ်ပါတယ်။ မအိပ်မီနာရီပိုင်းအတွင်း ရေကို ပုံမှန်သောက်တာထက် လျှော့သောက်သင့်ပါတယ်။

၂ - ဆီးလမ်းကြောင်း ပိုးဝင်တာကြောင့်လည်း ညဘက် ခဏခဏ အပေါ့သွားနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ အပေါ့သွားရင် နာပါတယ်။ ဗိုက်အောင့်ပါတယ်။ ဖျားပါတယ်။ ဆရာဝန်နဲ့ အမြန်ဆုံး ပြသင့်ပါတယ်။

၃ - အသက်ကြီးလေ ညဘက်အပေါ့သွားလေ ဖြစ်ပါတယ်။ အသက်ကြီးတဲ့အခါ ဟော်မုန်းတွေနည်းလာပြီး အိပ်တဲ့အခါ ကျောက်ကပ်ဟာ လျှော့ပြီး အလုပ်လုပ်ပါတယ်။

play

 

၎ - အချို့ကလည်း သောက်တဲ့ဆေးကြောင့် ညဘက် အပေါ့ခဏခဏ သွားပါတယ်။

၅ - တစ်ခါတလေ အပေါ့သွားချင်တာကြောင့် နိုးလာတာမဟုတ်ပေမဲ့ အပေါ့ထသွားတတ်ပါတယ်။ ဒီလိုအဖြစ်မျိုးဟာ ခန္ဓာကိုယ်မှာ တစ်ခုခုနာကျင်တဲ့အခါ၊ စိတ်ဓာတ်ကျတဲ့ အခါမျိုးတွေမှာဖြစ်ပါတယ်။

၆ - သွေးချိုဆီးချို၊ အသည်း စတဲ့ ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

Photos & Source: Web MD

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ