Health: လေးလံထိုင်းမှိုင်းနေတဲ့အခါ ဒီအချက်တွေ သိထားသင့်

လေးလံထိုင်းမှိုင်းနေတဲ့အခါ သကြားဓာတ်များတာမျိုးတွေကို စားသောက်တာမျိုး မလုပ်သင့်ပါဘူး။

play

 

၁ - လေးလံထိုင်းမှိုင်းနေတဲ့အခါ အကောင်းဆုံး ဖြေဖျောက်နိုင်တာဟာ လမ်းလျှောက်တာ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာပါ လေးလံထိုင်းမှိုင်းမှုကို ပြေပျောက်စေပါတယ်။ လမ်းလျှောက်မယ်ဆိုရင် မိနစ်သုံးဆယ်လောက် လျှောက်သင့်ပါတယ်။

၂ - တစ်နေ့ခြောက်နာရီ အိပ်ရမယ်ဆိုတာ လူတိုင်းသိပေမဲ့ အိပ်တဲ့အခါ ခြောက်နာရီကို အပြည့်အဝ အိပ်ဖို့ လိုပါတယ်။ အိပ်ရာပေါ်မှာ လူးလိမ့်နေတာမျိုး၊ ဖုန်းသုံးတာမျိုးတွေရှိမယ်ဆိုရင် ခြောက်နာရီအိပ်ပေမဲ့ ထိရောက်မှု မရှိပါဘူး။

၃ - အလုပ်နဲ့ ဝေးတဲ့အခါမှာလည်း လူဟာ ထိုင်းမှိုင်းလာတတ်ပါတယ်။ 

play

 

၎ - လေးလံထိုင်းမှိုင်းမှုတွေ အမြဲဖြစ်နေတဲ့လူဟာ ညဘက် အိပ်မပျော်တာမျိုးလည်း ဖြစ်တတ်ပါတယ်။

၅ - လေးလံထိုင်းမှိုင်းမှုဟာ အိပ်ရေးပျက်တာ တစ်ခုတည်းကြောင့် ဖြစ်တာမဟုတ်ပါဘူး။ စိတ်ကျမှုနဲ့ ရောဂါအချို့ကြောင့်လည်း ဖြစ်တတ်ပါတယ်။

play

 

၆ - လေးလံထိုင်းမှိုင်းမှုတွေ ကြုံရတဲ့အချိန်မှာ အများကြီးလုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဦးစားပေးလုပ်ရမယ့် အရာကို အရင်ဆုံး ရွေးချယ်လုပ်သင့်ပါတယ်။

၇ - သူငယ်ချင်းတွေနဲ့ ချိန်းထားတာမျိုး ရှိတယ်ဆိုရင် အားနာတာမျိုး မရှိသင့်ပါဘူး။ ဖုန်းဆက်ပြီး မလာနိုင်တော့ကြောင်း အကျိုးသင့်အကြောင်းသင့်ပြောသင့်ပါတယ်။

၈ - အိမ်မှာပဲ နေနေတာကြောင့် လေးလံထိုင်းမှိုင်းမှုတွေ ဖြစ်လာတဲ့အခါ အိမ်ထဲမှာရှိတဲ့ ရှုပ်ပွနေတာမျိုးတွေကို ရှင်းသင့်ပါတယ်။

၉ - လေးလံထိုင်းမှိုင်းနေတဲ့အခါ သကြားဓာတ်များတာမျိုးတွေကို စားသောက်တာမျိုး မလုပ်သင့်ပါဘူး။

Photos & Source: Web MD

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ