Health: ရေချိုးမြန်သူများက ဘဝမှာ ပျော်ရွှင်မှုရသူများဖြစ်ကြ

စိတ်ပညာရှင်များရဲ့ လေ့လာဆန်းစစ်ချက်ဖြစ်ပါတယ်။

play

 

လူတစ်ယောက်ဟာ ရေချိုး ပိုကြာပြီး ရေချိုးတဲ့ အကြိမ်အရေအတွက် များလေ သူ့ရဲ့ဘဝက ပိုအထီးကျန်ပြီး ပျော်ရွှင်မှု နည်းပါးလေပဲလို့ လေ့လာမှုတစ်ခုက ပြသထားပါတယ်။

ယင်းလေ့လာမှုအရ လူတွေဟာ လူ့လောကမှာ သူတို့တောင့်တတဲ့ နွေးထွေးမှုကို ရေနွေးနွေးချိုးခြင်းနဲ့ အစားထိုးကြတယ်လို့ ဆိုပါတယ်။ ဒါအပြင် သူတို့ရဲ့ ပြဿနာတွေအပေါ် မကျေနပ်မှုတွေကနေ လွတ်မြောက်ဖို့အတွက်လည်း ရေချိုးကြတယ်လို့ ဆိုပါတယ်။

play

 

ဒါ့အပြင် ဘဝမှာ ပျော်ရွှင်မှုမရှိကြတဲ့သူတွေရဲ့ စိတ်က အမြဲပျံ့လွင့်နေပြီး သူတို့လုပ်နေတဲ့ အလုပ်ပေါ် စိတ်က တစ်ဝက်ပဲ ရှိကြတဲ့အတွက် ရေချိုးတာ ကြာလေ့ရှိတာပါလို့ စိတ်ပညာရှင်များဖြစ်တဲ့ မက်သရူးနဲ့  ဒန်နီရယ်က ဆိုပါတယ်။

play

 

ဒါပေမဲ့ ရေချိုးမြန်တဲ့သူတွေမှာတော့ အဲဒီပြဿနာမရှိပါဘူး။ ရေချိုးမြန်သူတွေဟာ မိမိလုပ်နေတဲ့ အလုပ်အပေါ် စိတ်အာရုံအပြည့်ရှိတဲ့အတွက် ဘယ်အချိန် ဆပ်ပြာတိုက်ရမယ်၊ ရေဘယ်လောက်ချိုးရင် ရပြီဆိုတာကို အချိန်ပြည့် စိတ်အာရုံရှိနေတဲ့သူတွေဖြစ်ပါတယ်။ အဲဒီလိုလူမျိုးတွေဟာ စိတ်ပိုင်းဆိုင်ရာ ငြိမ်းချမ်းမှုရှိကြသူတွေဖြစ်ပြီး လူတွေနဲ့ ဆက်ဆံရေးကောင်းမွန်ကာ ဘဝအပေါ် ကျေနပ်နှစ်သိမ့်မှု ရှိကြသူများ ဖြစ်တယ်လို့ ဆိုပါတယ်။

ရေချိုးမြန်သူတွေဟာ မိသားစုနဲ့ မိတ်ဆွေတွေရဲ့ ချစ်ခင်မှု၊ တန်ဖိုးထားမှုနဲ့ နှစ်ခြိုက်မှုကို ရရှိသူများ ဖြစ်ပြီး သူတို့တွေဟာ အထီးကျန်ခြင်း၊ ပြစ်ပယ်ခံရခြင်းနဲ့ စိတ်ဖိစိးမှုတွေ ခံစားရနိုင်ခြေ နည်းပါးတယ်လို့ ဆိုပါတယ်။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ