Health: အဆုတ်မကောင်းဘူးဆိုတဲ့ လက္ခဏာများ

အောက်ပါ လက္ခဏာတွေရှိနေတယ်ဆိုရင် အဆုတ်နဲ့ပက်သက်ပြီး ပြဿနာရှိနေနိုင်တာကြောင့် ဂရုစိုက်သင့်ပါတယ်။

play

 

အဆုတ်ဟာ အသက်ရှုစနစ်အတွက် အလွန်အရေးပါပါတယ်။ တီဘီလို အဆုတ်နာရောဂါဟာ နိုင်ငံတွင်းနဲ့ ကမ္ဘာမှာပါ လူအဖြစ်များဆုံး ရောဂါတွေထဲ ပါဝင်နေဆဲ ဖြစ်ပါတယ်။ အောက်ပါ လက္ခဏာတွေရှိနေတယ်ဆိုရင် အဆုတ်နဲ့ပက်သက်ပြီး ပြဿ နာရှိနေနိုင်တာကြောင့် ဂရုစိုက်သင့်ပါတယ်။

play

 

၁ - ချောင်းဆိုးတာ လချီပြီးကြာနေတယ်။

၂ - ချွဲသလိပ်တွေ ထွက်တာ တစ်လနဲ့ တစ်လကျော်ကြာ ဖြစ်နေတယ်။

၃ - ချောင်းဆိုးရင် သွေးပါတယ်။

၎ - ချောင်းဆိုးတဲ့အခါ ရင်ဘတ်အောင့်တယ်။ ဒီလိုအောင့်တာ တစ်လကျော်ကြာနေပြီ။

play

 

၅ - အသက်ပြင်းပြင်းရှုလိုက်ရင် အောင့်တယ်။

၆ - ပင်ပင်ပန်းပန်းမလုပ်ရသေးဘဲ မောပန်းတယ်။

၇ - ချောင်းဆိုးလိုက်တိုင်း ရင်ခေါင်းသံတွေ ထွက်တယ်။

Photos & Source: Zee

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ