Health: ကွမ်းရွက်ကပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူး (၅) ခု

သဘာဝ ကွမ်းရွက်ကို ကျန်းမာရေးအတွက် အသုံးပြုနိုင်တဲ့နေရာတွေရှိပါတယ်။

play

 

ကွမ်းရွက်နဲ့ ဆေးရွက်ကြီးကို အခြေခံပြီး အထူးစီမံထားတဲ့ ဆေးဝါးတွေနဲ့ တွဲဖက်စားသုံးရတဲ့ ကွမ်းယာဟာ လူသားတွေကျန်းမာရေးအတွက် အထောက်အကူ မပြုပါဘူး။ ဒါပေမယ့် သဘာဝ ကွမ်းရွက် သက်သက်မှာတော့ ကျန်းမာရေးအကျိုးကျေးဇူး ပေးနိုင်တဲ့ အစွမ်းသတ္တိတွေ ရှိနေတတ်ပါတယ်။ အထူးသဖြင့် ကွမ်းရွက်မှာ လူ့ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ ဗီတာမင်ဓာတ်တွေ ရှိနေပါတယ်။ ကွမ်းရွက်ကပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူး (၅) ခုရှိပါတယ်။

၁။ ဆီးချိုရောဂါကာကွယ်နိုင်

play

ကွမ်းရွက်မှာ ဆီးချိုကို ကာကွယ်နိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ ကွမ်းရွက်မှာပါတဲ့ သတ္တိက ကိုယ်အတွင်းမှာ ရှိတဲ့ သကြားဓာတ်ကို မလွန်ကဲအောင် ထိန်းညှိပေးတာကြောင့်ပါ။

၂။ ဝိတ်ကျစေ

play

 

ဝိတ်ချတဲ့နေရာမှာလည်း ကွမ်းရွက် အသုံးဝင်ပါတယ်။ ခန္ဓာကိုယ်အတွင်း မလိုအပ်တဲ့ အဆီပိုတွေ တိုက်ဖျက်ရာမှာ ကွမ်းရွက်ကို အသုံးပြုနိုင်ပါတယ်။ ကိုယ်တွင်းဇီဝဖြစ်စဉ် မှန်ကန်စေဖို့ အထောက်အကူပြုပါတယ်။

၃။ ကင်ဆာကာကွယ်

play

 

ဒါဟာ ကွမ်းရွက်ရဲ့ အမြင့်ဆုံး စွမ်းဆောင်ရည်လို့ ဆိုနိုင်ပါတယ်။ ကင်ဆာကို ကာကွယ်ပေးပါတယ်။ အထူးသဖြင့် ပါးစပ်အတွင်း ထွက်တဲ့သွားရေတွေထဲမှာ အက်စ်ကော့ဘစ်အက်ဆစ်ဓာတ်တစ်မျိုးရှိပြီး အဲဒီဓာတ်မလွန်ကဲသွားအောင် ကွမ်းရွက်က ထိန်းညှိပေးတာပါ။ မကြာခဏ ကွမ်းရွက်ပြုတ်ရည်ကို ပျားရည်နဲ့ ရောသောက်မယ်ဆိုရင် ခံတွင်းကင်ဆာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

၎။ အနာ အကျက်မြန်

play

 

သွေးထွက်သံယို အနာတရ ဖြစ်လာခဲ့ရင် ကွမ်းရွက်ကို ကပ်ထားပေးလိုက်ပါက အနာကျက်မြန်စေပါတယ်။ ကွမ်းရွက်ကို အပူပေးပြီး ကပ်ကြတဲ့အခါပိုပြီး အစွမ်းထက်တယ်လို့ ဆိုပါတယ်။

၅။ ခေါင်းကိုက်ပျောက်စေ

play

 

ခေါင်းကိုက်ရင်လည်း ဆေးမသောက်ချင်ရင် ကွမ်းရွက်ကို အသုံးပြုနိုင်ပါတယ်။ ကွမ်းရွက်ရဲ့ သတ္တိက အေးတဲ့အတွက် ခေါင်းကိုက်ဝေဒနာကို ခပ်မြန်မြန် သက်သာစေပါတယ်။ ကွမ်းရွက်ကို နားထင်မှာ ကပ်ထားနိုင်သလို ပြုတ်ပြီးတော့လည်း သောက်နိုင်ပါတယ်။

Source & Photos : Health

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ