Health: သိုးမွေးထိုးခြင်းကရတဲ့ အကျိုးကျေးဇူး (၆) ခု

မိန်းမပီသဖို့ဆိုတာထက် အများကြီးပိုပါတယ်။

play

 

၁။ ဂုဏ်ယူစိတ် ဖြစ်ပေါ်စေတယ်

သိုးမွေးထိုးတတ်သူ များများစားစားမရှိပါဘူး။ သင့်စိတ်ကူးနဲ့ ထိုးထားတဲ့ သိုးမွေးထည်လေးတစ်ခုကို သူများကို ပြရတာဟာ မှော်အစွမ်းနဲ့ ပြုလုပ်ထားတဲ့အရာတစ်ခုလိုပါပဲ။ အားလုံးရဲ့ ချီးမွမ်းခံရသလို သင်ကိုယ်တိုင်လည်း အဲဒါလေးကိုကြည့်ပြီး ပီတိဖြစ်ရပါတယ်။

၂။ တရားထိုင်နည်းတစ်မျိုးဖြစ်တယ်

တရားထိုင်လို့ရတဲ့ အကျိုးကျေးဇူးတွေကိုလည်း သိုးမွေးထိုးခြင်းကနေ ရရှိနိုင်ပါတယ်။ တောက်လျှောက် ဒီအတိုင်းပဲ ထိုးနေရတာဖြစ်တဲ့အတွက် ကြွက်သားတွေက သူ့အလိုလို လှုပ်ရှားသွားကာ သင့်စိတ်က လိုက်လံမှတ်သားစရာ မလိုတော့ပါဘူး။ စီးချက်ကျတဲ့ လှုပ်ရှားမှုနဲ့ စိတ်လက်ပေါ့ပါးမှုကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ငြိမ်းချမ်းမှုက တရားထိုင်သလိုပါပဲ။

play

 

၃။ စိတ်ဖိစီးမှုတွေ၊ သောကတွေကို ပြေပျောက်စေတယ်

သိုးမွေးထိုးဖို့အတွက် ငြိမ်ငြိမ်ထိုင်လိုက်ခြင်းကြောင့် မိနစ်အနည်းငယ်အတွင်းမှာ နှလုံးခုန်နှုန်းကို လျော့သွားပြီး သွေးဖိအားလည်း ကျသွားပါတယ်။ စီးချက်ကျတဲ့ လှုပ်ရှားမှုနဲ့ အာရုံစူးစိုက်မှုတို့ကြောင့်လည်း သောကတွေ၊ စိတ်ဖိစီးမှုတွေနဲ့ စိတ်ဓာတ်ကျနေတဲ့ လက္ခဏာတွေ လျော့ပါးကုန်ပါတယ်။

၎။ ကြွက်သားလှုပ်ရှားမှုတွေ အားကောင်းစေတယ်

ဘယ်နေရာကို ဘယ်လိုထိုးမယ်၊ ဘယ်လိုအကွက်ဖော်မယ် စတဲ့အရာတွေ တွေးပြီး ဦးနှောက်တစ်ခုလုံး နိုးကြားနေရပြီး ချိန်သားကိုက် လှုပ်ရှားရတဲ့အတွက် ကြွက်သားလှုပ်ရှားမှုတွေ တိုးတက်စေဖို့ ကူညီပေးပါတယ်။ ဒါကြောင့် အကြောအားနည်းတဲ့ ရောဂါကို သက်သာစေပြီး နာကျင်တဲ့ ဝေဒနာတွေကိုလည်း မေ့ပျောက်အောင် ပြုလုပ်ပေးနိုင်ပါတယ်။

play

 

၅။ မှတ်ဉာဏ်ကျဆင်းမှုကိုလည်း နှေးကွေးစေတယ်

သိုးမွေးထိုးခြင်းက သင့်ရဲ့ကြွက်သားတွေနဲ့ စိတ်ခံစားချက်ကို အားကောင်းစေသလို  သင့်ဦးနှောက်ကိုလည်း ကျန်းမာစေပါတယ်။ ဦးနှောက်ဆိုတာ အသုံးချလေ ပိုကျန်းမာ၊ ပိုမှတ်မိလေ ဖြစ်ပါတယ်။

၆။ အဆစ်ရောင်ရောဂါနဲ့ အရွတ်ရောင်ရောဂါတွေ မဖြစ်အောင်လည်း ကာကွယ်ပေးတယ်

ဦးနှောက်လိုပဲ အဆစ်တွေက အသုံးချမှုများမှ ကျန်းမာတာဖြစ်ပါတယ်။ လက်ချောင်းတွေကို ညင်သာစွာ လှုပ်ရှားခြင်းကြောင့် ပိုမို သန်စွမ်းစေပါတယ်။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ