Health: လုပ်ဖော်ကိုင်ဖက်တွေကျွေးတဲ့ သားရေစာမုန့်တွေကို မစားခင် ဒါတွေကို စဉ်းစားသင့်

သူများလာကျွေးတဲ့ မုန့်တွေမစားခင် ဒီဆောင်းပါးကို ဖတ်ကြည့်လိုက်ပါ။

play

 

နေ့လယ်ဘက် မုန့်စားချိန်မှာ အာလူးကြော်ထုပ်ကြီးတစ်ထုပ်ဝယ်ပြီး လက်တစ်ဆုပ်နှိုက်လို့ လုပ်ဖော်ကိုင်ဖက်တွေကို ဝေပေးတာ ကောင်းတဲ့ အပြုအမူလေးတစ်ရပ်ပါ။

ဒါပေမဲ့ သင့်ရဲ့လုပ်ဖော်ကိုင်ဘက် ဘယ်နှယောက်ကို သင်ယုံသလဲ။ သူတို့ရဲ့ လက်တွေက သန့်ရှင်းရဲ့လား။ မသန့်ရှင်းဘူးဆိုရင် သူတို့ဟာ ရောဂါပိုးတစ်ခုခုကို သယ်ဆောင်လာမယ်ဆို ဘယ်လိုလုပ်မလဲ။

ရုံးဝန်ထမ်းတွေရဲ့ ၅၀ ရာခိုင်နှုန်းဟာ သန့်စင်ခန်းကို အသုံးပြုပြီးနောက် သူတို့ရဲ့လက်တွေကို မှန်ကန်တဲ့ နည်းလမ်းနဲ့ မဆေးကြဘူးလို့ တစ်ကိုယ်ရေသန့်ရှင်းရေးဒေါက်တာ လီဆာအက်ကာလီက ပြောပြပါတယ်။

ဆိုလိုတာက ရေဆွဲချတဲ့နေရာ၊ တံခါးလက်ကိုင်ဘုနဲ့ သူတို့ကိုယ်သူတို့ ကိုင်တွယ်မှုကနေ ရောဂါပိုးမျိုးစုံ ပါလာနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။

play

 

"နိုရိုဗိုင်းရက်စ် (ဝမ်းဗိုက်ဝေဒနာဖြစ်စေတဲ့) က ကူးတာ အရမ်းလွယ်တယ်။ နေမကောင်းလို့ အနားယူပြီး ရုံးပြန်တက်တဲ့သူမှာ အဲဒီပိုးက ပါလာနိုင်သေးတယ်။ တချို့သူတွေက ဘာလက္ခဏာမှ မပြဘဲ အဲဒီပိုးရှိနေတယ်" လို့ လီဆာက ဆိုပါတယ်။

ရထား၊ ဘတ်စ်ကားနဲ့ ကားပေါ်ကနေလည်း လက်မှာ ဗိုင်းရက်စ်ပိုးတွေ  ကပ်ပါလာနိုင်ပါတယ်။

"လူတွေ နေမကောင်းဖြစ်နေတာ လေထဲကနေ ပိုးတွေကူးတာလို့ ထင်နေတယ်။ ဒါပေမဲ့ တကယ်က တစ်ကိုယ်ရေသန့်ရှင်းမှုမရှိခြင်းကနေ ပြန့်ပွားတာပါ" လို့ လီဆာက ရှင်းပြခဲ့ပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ