Health: ရုပ်ဆိုးလောက်အောင် လေချဉ်တက်တာကို ဘယ်လို ဖျောက်မလဲ

လေချဉ် ဆိုးဆိုးဝါးဝါးတက်တာဟာ အစာခြေစနစ်မှာ ပြဿနာ ရှိနေတာပါ။

play

 

လေချဉ် ဆိုးဆိုးဝါးဝါးတက်တာဟာ အစာခြေစနစ်မှာ ပြဿ     နာ ရှိနေတာပါ။ အမျှင်ဓာတ်များတဲ့အစားအစာတွေကို ချေဖျက်ရာမှာလည်း ဖြစ်တတ်ပါတယ်။

၁ - ဂျင်းလဖက်ရည်

play

 

ဂျင်းလဖက်ရည်ဟာ လေချဉ်ဆိုးဆိုးဝါးဝါးတက်တာကို ကာကွယ်ပေးတဲ့ အကောင်းဆုံးအရည်ဖြစ်ပါတယ်။ မအီမသာ ဖြစ်တာကိုလည်း ပျောက်ပါတယ်။ တင်းကျပ်နေတဲ့ အစာခြေလမ်းကြောင်းကို သူက ဖြေလျှော့ပေးတာ ဖြစ်ပါတယ်။

၂ - မုန့်ဖုတ်ဆိုဒါနဲ့ လီမွန်ရည်

ဒီနှစ်မျိုးကို ပေါင်းစပ်လိုက်ရင် အစာအိမ်အတွက် ထိရောက်တဲ့ ဖြေရှင်းနည်းတစ်ခု ဖြစ်လာပါတယ်။ လီမွန်သီးတစ်လုံးလောက်နဲ့ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်းတစ်ဇွန်းလောက်ကို ရောပြီး ဖျော်ပေးရမှာ ဖြစ်ပါတယ်။ မနက်တိုင်း မနက်စာမစားခင် သောက်ပေးရမှာ ဖြစ်ပါတယ်။

၃ - ကြက်သွန်ဖြူ

play

 

အများကြီးသုံးရင်လည်း မကောင်းပါဘူး။ ကြက်သွန်ဖြူဟာ အစာခြေဖျက်အားစနစ်ကို ကောင်းမွန်စေပြီး ပိုလျှံနေတဲ့ အစာအိမ်က ဂတ်စ်တွေကို ညှစ်ထုတ်လိုက်တာ ဖြစ်ပါတယ်။

Photos & Source: Lifehack

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ