Health: ကြက်များနှင့် အတူအိပ်ခြင်းက ငှက်ဖျားရောဂါ ကာကွယ်နိုင်

ငှက်ဖျားရောဂါပိုး သယ်ဆောင်လာတဲ့ ခြင်တွေက ကြက်တွေအနီးမှာ မနေနိုင်ပါဘူး။

play

 

ကြက်တွေဟာ လူသားတွေအတွက် အာဟာရဓာတ်ပေးစွမ်းနိုင်ရုံသာမက အသက်အန္တရာယ်ရှိတဲ့ ရောဂါတစ်မျိုးကိုပါ ကာကွယ်ပေးနိုင်တယ်လို့ သုတေသီတွေက အတည်ပြုလိုက်ပါတယ်။ လူတွေအတွက် အန္တရာယ်ရှိတဲ့ ငှက်ဖျားရောဂါ ဖြစ်မလာအောင် ကြက်တွေက ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

ငှက်ဖျားရောဂါဖြစ်ရခြင်းရဲ့ အဓိကအကြောင်းပြချက်ဟာ ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်ပါတယ်။ ငှက်ဖျားရောဂါပိုး သယ်ဆောင်လာတတ်တဲ့ ခြင်မျိုးတွေဟာ ကြက်တွေအနီးမှာ မနေနိုင်ကြကြောင်း သုတေသီတွေက အတည်ပြုလိုက်တာဖြစ်ပါတယ်။ ခြင်တွေဟာ အနံ့ခံအာရုံနဲ့ ကြက်တွေ ရှိတဲ့နေရာကို ရှောင်ကြဉ်တတ်ကြတဲ့အတွက် သင်အိပ်စက်တဲ့အနီးမှာ ကြက်တစ်ကောင် ထားလိုက်မယ်ဆိုရင် ငှက်ဖျားဖြစ်နိုင်တဲ့ အခြေအနေကို ကာကွယ်နိုင်မယ်လို့ ထောက်ပြကြပါတယ်။

play

 

ဆွီဒင်တက္ကသိုလ်က လေ့လာသူတွေက ဒါကို အတည်ပြုခဲ့တာဖြစ်ပြီး အိမ်ပြင်မှာ ဆိုရင်တော့ ငှက်ဖျားရောဂါသယ်ဆောင်သူ ခြင်တွေက ဆိတ်၊ သိုးနဲ့ နွားတွေဆီက သွေးစုပ်အသက်ရှင်ကြကြောင်း သိရပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ