Health: အိပ်ရာဝင်နောက်ကျတဲ့ ကလေးများ အသက်ကြီးတဲ့အခါ စိတ်ဓာတ်ကျမှု ပိုဖြစ်နိုင်

သုံးနှစ်ကနေ ခြောက်နှစ်အရွယ် ကလေးတွေဟာ တစ်နေ့ကို ၁၀ နာရီကနေ ၁၂ နာရီထိ အိပ်သင့်တာဖြစ်ပါတယ်။

play

 

အိပ်ရာဝင်နောက်ကျတဲ့ကလေးတွေဟာ အသက်ကြီးတဲ့အခါ စိတ်ဓာတ်ကျမှု ပိုဖြစ်နိုင်တယ်လို့ သိရပါတယ်။ အိပ်ရေးမဝခြင်းဟာ ကလေးတွေရဲ့ ဘဝနှောင်းပိုင်းမှာ သက်ရောက်မှုရှိလာနိုင်ကြောင်း  လေ့လာမှုသစ်တစ်ရပ်က တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

 Houston တက္ကသိုလ်က ကျွမ်းကျင်သူတွေက အဆိုပါ သုတေသနကို ပြုလုပ်ခဲ့ကြတာဖြစ်ပြီး လုံလောက်တဲ့ အိပ်စက်မှုမရှိတာ၊ အိပ်စက်မှုပုံစံကောင်း မရတာတွေကြောင့် ကလေးတွေဟာ အသက်ကြီးလာတဲ့အခါ စိုးရိမ်တာတွေ နဲ့ စိတ်ကျတာတွေကို ပိုခံစားရတယ်လို့ သိရပါတယ်။

play

 

တစ်နှစ်နဲ့ သုံးနှစ်ကြား ကလေးတွေဟာ တစ်နေ့ကို ၁၂ နာရီကနေ ၁၄ နာရီထိ အိပ်သင့်ပြီး သုံးနှစ်ကနေ ခြောက်နှစ်ကလေးတွေကတော့ တစ်နေ့ကို ၁၀ နာရီကနေ ၁၂ နာရီထိ အိပ်သင့်တာဖြစ်ပါတယ်။ အသက် ၁၂ နှစ်ရောက်တဲ့အခါမှ လူကြီးတွေလို ကလေးတွေဟာ တစ်နေ့ ၈ နာရီ အိပ်သင့်တာ ဖြစ်တယ်လို့ သိရပါတယ်။

Photos & Source: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ