Health: အရိုးအဆစ်တွေကို ဒဏ်ဖြစ်စေတဲ့ နေ့စဉ်လှုပ်ရှားမှု (၃) ခု

ကြွက်သားတွေနဲ့ အရိုးအဆစ်တွေကို နာကျင်ရုံတင်မကဘဲ အာရုံကြောတွေကိုပါ ထိခိုက်ပါတယ်။

play

 

၁ - ဖုန်းကြည့်ခြင်း

ဖုန်းငုံ့ကြည့်လိုက်တဲ့ အချိန်တိုင်း သင့်လည်ပင်းဟာ ခေါင်းရဲ့အလေးချိန်ကို ပုံမှန်ထက် သုံးဆလောက် ထောက်ပံ့ပေးရပါတယ်။ ကြာရှည်စွာ ကြည့်နေရတဲ့အခါ လည်ပင်းမှာ တောင့်တာတွေ၊ ကိုက်တာတွေ ဖြစ်လာပါတယ်။

၂ - ကွန်ပြူတာ

play

 

နေ့စဉ်ကွန်ပြူတာ ကီးဘုတ်ရိုက်ရတာကလည်း လက်နဲ့ လက်ကောက်ဝတ်ကို ထိန်းချုပ်ထားတဲ့ ကြွက်သားတွေပေါ် သက်ရောက်မှု ရှိပါတယ်။ ကီးဘုတ်ရိုက်ပြီး အမြဲအလုပ်လုပ်နေတဲ့လူဆိုရင် လက်ရဲ့ရွေ့လျားမှုကို ပြန်တွက်လိုက်တဲ့အခါ တစ်နေ့ သုံးမိုင်လောက် ရောက်ပါတယ်။ နာရီပေါင်းများစွာ ရိုက်နေရခြင်းဟာ ကြွက်သားတွေနဲ့ အရိုးအဆစ်တွေကို နာကျင်ရုံတင်မကဘဲ အာရုံကြောတွေကိုပါ ထိခိုက်ပါတယ်။

၃ - မခြင်း

play

 

ခါးနာမှု အများစုဟာ လေးလံတဲ့ ပစ္စည်းတွေကို ရုတ်တရက်မလိုက်တာကြောင့် ဖြစ်ပါတယ်။ ပစ္စည်းတွေကို မတာဟာ အရိုးတွေကို သန်မာစေပေမဲ့ လေးလံတဲ့ ပစ္စည်းတွေကို တစ်ကြိမ်ထက်မက မခြင်းဟာ အရိုးတွေကို ပိုမိုဖိအားပေးသလို ဖြစ်ပြီး နာကျင်မှုတွေ ဖြစ်လာပါတယ်။ ပစ္စည်းတစ်ခုကို မမယ်ဆိုရင် အထက်ပါ ပုံအတိုင်း မသင့်ပါတယ်။

Photos & Source: BT.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ