Health: ခါးနာတတ်သူတွေအတွက် အိပ်စက်နည်းများ

ဒီနည်းတွေနဲ့အိပ်ရင် ခါးနာလို့ အိပ်မပျော်တာ မဖြစ်တော့ပါဘူး။

play

 

ကမ္ဘာ့လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းမှာ ခါးနာရောဂါရှိပါတယ်။

ခါးနာတဲ့ဝေဒနာက ဆိုးရွားလှပြီး အခံရအခက်ဆုံးအချိန်က အိပ်ချိန်ပါပဲ။ ဒါပေမဲ့ ခါးနာတဲ့ဝေဒနာရှိသူများအတွက် အိပ်တဲ့အခါ သက်သောင့်သက်သာရှိအောင် လုပ်ယူလို့ရပါတယ်။

play

 

သင်ဟာ ခါးနာတတ်သူဖြစ်ပြီး ပက်လက်အနေအထားအိပ်တတ်သူဆိုရင် သင့်ဒူးခေါင်းတွေအောက်မှာ ခေါင်းအုံးတစ်လုံးထားအိပ်ရင် အိပ်ချိန်မှာ ခါးနာတဲ့ဝေဒနာကို ခံစားရမှာ မဟုတ်ပါဘူး။

play

 

ဘေးတစောင်းအိပ်တတ်သူဆိုရင်တော့ ဒူးခေါင်းနှစ်လုံးကြားမှာ ခေါင်းအုံးကို ထားအိပ်ရမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ်ဘဲ သင်ဟာ မှောက်လျက် အိပ်တတ်သူဆိုရင်တော့ ခေါင်းအုံးကို အောက်ဗိုက်ရဲ့အောက်မှာ ထိုးထည့်ပြီး အိပ်သင့်တယ်လို့ နယူးယော့ခ်အခြေစိုက် National Sleep Foundation က အကြံပြုထားပါတယ်။

play

 

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ