Health: သစ်ကြမ်းပိုးခေါက်က လေ့လာနိုင်မှုစွမ်းရည်ကို တိုးတက်

, updated

လေ့လာမှုစွမ်းရည် မကောင်းတဲ့ ကြွက်တွေဟာ သိသာစွာ တိုးတက်လာတာ ဖြစ်ပါတယ်။

play

 

သစ်ကြမ်းပိုးခေါက်ဟာ  လေ့လာနိုင်မှုစွမ်းရည်ကို တိုးတက်စေတယ်လို့ သုတေသနတစ်ခုက တွေ့ရှိခဲ့ပါတယ်။  သုတေသနဟာ ကြွက်တွေကို အခြေပြုလေ့လာခဲ့တာဖြစ်ပြီး ဝင်္ကပါထဲမှာ ကြွက်တွေဟာ မှန်ကန်တဲ့ အပေါက်ကို ရှာရဖို့ စက္ကန့် ၁၅၀ လောက်အချိန်ယူရပြီး သစ်ကြမ်းပိုးခေါက်နဲ့ တစ်လလောက် ထိတွေ့ပြီးတဲ့အခါ စက္ကန့်ခြောက်ဆယ်လောက်သာ အချိန်ယူရတယ်လို့ဆိုပါတယ်။

သုတေသနကို အမေရိကန်နိုင်ငံ ချီကာဂိုမြို့ Rush တက္ကသိုလ်က ပညာရှင်တွေက ပြုလုပ်ခဲ့တာဖြစ်ပြီး သစ်ကြမ်းပိုးနဲ့ ထိတွေ့ပြီးတဲ့အခါ လေ့လာမှုစွမ်းရည် မကောင်းတဲ့ ကြွက်တွေဟာ သိသာစွာ တိုးတက်လာတာ ဖြစ်ပါတယ်။ တွေ့ရှိချက်ကို Neuroimmune Pharmacology ဂျာနယ်မှာ ဖော်ပြခဲ့တာ ဖြစ်ပြီး ဒီလိုမျိုး ဖြစ်ရတဲ့ အကြောင်းအရင်းဟာ သစ်ကြမ်းပိုးခေါက်ကို ခန္ဓာကိုယ်ထဲမှာ ချေဖျက်တဲ့အခါ ထွက်လာတဲ့  sodium benzoate ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

Photos & Source:  ibtimes.com.au

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ