Health: အူမကြီးကင်ဆာကို ကုသရာမှာ နနွင်းက အဓိကကျလာနိုင်

, updated

ကင်ဆာကို ကုသရာမှာ ဖြစ်ပွားနေတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိမလာစေဖို့အတွက် အပြောင်းအလဲနည်းလမ်းတစ်ခု ဖြစ်လာနိုင်ပါတယ်။

play

 

နနွင်းဟာ အူမကြီးကင်ဆာကို ကုသရာမှာ အဓိကကျလာနိုင်တယ်လို့ သုတေသန တစ်ရပ်က တွေ့ရှိခဲ့ပါတယ်။ နနွင်းနဲ့ အခြားပစ္စည်းတစ်မျိုးကို ပေါင်းစပ်ကာ အူမကြီးကင်ဆာကို ကုသနိုင်မယ့် အလားအလာတွေကို တွေ့ရှိထားတာ ဖြစ်ပြီး  သုတေသနကို အမေရိကန်နိုင်ငံ Saint Louis  တက္ကသိုလ်မှ တွဲဖက်ပါမောက္ခတစ်ဦးက ဦးဆောင် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

play

 

silymarin လို့ခေါ်တဲ့ ပစ္စည်းတစ်မျိုးနဲ့ နနွင်းကို ပေါင်းစပ်ပြုလုပ်မှာ ဖြစ်ပြီး အဆိုပါ silymarin  ပစ္စည်းကို milk thistle လို့ခေါ်တဲ့ ဆူးလေပန်းပင်တစ်မျိုးမှာ တွေ့ရတာ ဖြစ်ပါတယ်။

အခုကုသမှုကို တွေ့ရှိမှုဟာ ကင်ဆာကို ကုသရာမှာ ဖြစ်ပွားနေတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိမလာစေဖို့အတွက် အပြောင်းအလဲနည်းလမ်းတစ်ခုကို ကမ်းလှမ်းနိုင်မယ်လို့ သုတေသနကို ဦးဆောင်ပြုလုပ်သူ ယူသရာရှန်ကာ က ပြောကြားထားပါတယ်။

Photos & Source: Zee News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ