Health: ခုံမှာ အမြဲထိုင်ပြီး လုပ်ရသူတွေ ဗိုက်မပူစေဖို့

, updated

အလုပ်လုပ်ရင်း မုန့်ထုပ်စားတာမျိုးကို အမြဲမလုပ်ပါနဲ့။

play

 

၁ - အလုပ်စားပွဲမှာ ရေဘူး ယူမထားပါနဲ့။ ရေဆာတဲ့အခါ ထသောက်ပါ။ ဖုန်းလာတဲ့အခါ ထပြောပါ။ လမ်းလျှောက်ဖြစ်မယ့် အလေ့အကျင့်တွေကို လုပ်ယူဖန်တီးထားပါ။

၂ - ဆိုဒါနဲ့ အားဖြည့်အချိုရည်တွေကို အထူးရှောင်ပါ။ ကယ်လိုရီ မြင့်တက်စေရုံသာမက နှလုံးကျန်းမာရေးကိုလည်း ထိခိုက်ပါတယ်။ ဂတ်စ်တွေကြောင့် ဝမ်းဗိုက်အစာချေစနစ်ကို ထိခိုက်ပါတယ်။

play

 

၃ - အလုပ်လုပ်ရင်း မုန့်ထုပ်စားတာမျိုးကို အမြဲမလုပ်ပါနဲ့။ စားကျင့်ရှိတယ်ဆိုရင်လည်း အသီးအနှံလေးတွေနဲ့ အစားထိုးစားသင့်ပါတယ်။

၎ - ခန္ဓာကိုယ်ကို မတ်မတ်ထိုင်ပါ။ အပေါ့သွားချင်တာမျိုး ဖြစ်လာရင် ချက်ချင်းထသွားဖို့ မပျင်းပါနဲ့။

၅ - ဓာတ်လှေကားမစီးဘဲ လှေကားကနေ တက်ပါ။ တစ်မှတ်တိုင်လောက်ကြိုဆင်းပြီး လမ်းလျှောက်တဲ့ အကျင့်မျိုး လုပ်ပါ။ တော်ရုံသွားရမယ့် လမ်းကို ဆိုက်ကားမငှားပါနဲ့။

Photos & Source: Zee News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ