Health: အချိန်ကြာမြင့်စွာ ထိုင်ပြီး အလုပ်လုပ်ပါက နှလုံးရောဂါ ဖြစ်နိုင်

အတန်အသင့်ထိုင်ရုံလောက်နဲ့တော့ သိသိသာသာ ဆိုးကျိုးမရှိပါဘူး။

play

 

သာမန် ရုံးချိန် (၈ နာရီ) အတွင်း အလုပ်လုပ်တာကတော့ နှလုံးရောဂါ ဖြစ်နိုင်ခြေ မရှိပါဘူးလို့ သုတေသနတစ်ခုအရ သိရပါတယ်။

တစ်နေ့ ၁၀ နာရီထက်ပိုတဲ့ ရုံးချိန်များလှတဲ့ အလုပ်မျိုးကသာ နှလုံးရောဂါဖောက်ခြင်း၊ လေဖြတ်ခြင်းနဲ့ နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါကြောင့် သေဆုံးမှုအန္တရာယ် ဖြစ်နိုင်ခြေ မြင့်မားတယ်လို့ ဆိုထားပါတယ်။

play

 

တစ်နေ့ကို ၃ နာရီအောက်သာ ထိုင်အလုပ်လုပ်ရသူတွေနဲ့ နှိုင်းယှဉ်ရင် တစ်နေ့ ၁၀ နာရီကျော် ထိုင်ပြီး အလုပ်လုပ်ရသူက နှလုံးရောဂါ ဖြစ်နိုင်ခြေ ၈ ရာခိုင်နှုန်း မြင့်မားတယ်လို့ ဆိုပါတယ်။

play

 

တစ်နေ့ကို ၁၂ နှစ်နာရီခန့် ထိုင်ပြီးအလုပ်လုပ်သူများကတော့ တစ်နေ့ကို ၂.၅ နာရီ ထိုင်လုပ်ရသူထက် နှလုံးရောဂါဖြစ်နိုင်ခြေ ၁၄ ရာခိုင်နှုန်း ပိုမိုမြင့်မားတယ်လို့ အဆိုပါလေ့လာချက်အရ သိရပါတယ်။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ