Health: တစ်နေ့ ၈ နာရီ စားပွဲမှာထိုင်အလုပ်လုပ်သူတွေ စောစောစီးစီးသေဆုံးနိုင်ခြေ ၆၀ ရာခိုင်နှုန်းပိုများ

နှစ်စဉ် လူ ၉၀၀၀၀ လောက်ဟာ အလုပ်စားပွဲမှာ ကြာကြာထိုင်ပြီးလုပ်နေရလို့ မသေသင့်ဘဲ သေဆုံးနေကြရပါတယ်။

play

 

ယနေ့ခေတ်ကာလမှာ အရွယ်ရောက်သူတွေဟာ ရုံးကအလုပ်စားပွဲမှာ အချိန်ကြာမြင့်စွာထိုင်ပြီး အလုပ်လုပ်နေတာ နေ့တိုင်းလိုလိုပါပဲ။ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ နေ့စဉ် အလုပ်စားပွဲမှာ ထိုင်နေရသူတွေဟာ သာမာန်လူတွေထက်ကို ပိုစောပြီး သေဆုံးနိုင်ခြေ ၆၀ ရာခိုင်နှုန်း ပိုများပြားတယ်လို့ ကမ်းဘရစ်ခ်ျတက္ကသိုလ်ရဲ့ လေ့လာမှုတစ်ရပ်က ဖော်ပြလာပါတယ်။

play

 

တကယ်လို့ အလုပ်စားပွဲမှာ တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်နေသူတွေဟာ အနည်းဆုံး တစ်နေ့ကို တစ်နာရီစာတော့ လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ ဒါမှာသာ ၈ နာရီကြာ ထိုင်ခဲ့လို့ ရလာတဲ့ဘေးဥပါဒ်တွေကို လေ့ကျင့်ခန်းလုပ်ခြင်းက ကျန်းမာရေးချို့ယွင်းမှုမဖြစ်အောင် တားဆီးပေးနိုင်မှာပါ။ တစ်နာရီစာလောက်မှ လေ့ကျင့်ခန်းမလုပ်နိုင်ဘူးဆိုရင်တော့ အလုပ်လုပ်နေရင်း လမ်းထလျှောက်သင့်ပါတယ်။ ဥပမာအားဖြင့် ရေထသောက်တာ၊ သူငယ်ချင်းတွေကို ကော်ဖီဖျော်ပေးတာမျိုး လုပ်ပေးရင်းနဲ့ အညောင်းမိတာကို လျော့ပါးစေနိုင်ပါလိမ့်မယ်။

play

 

နှစ် ၂၀ ကြာ လေ့လာခဲ့တဲ့ ဒီသုတေသနဟာ အရွယ်ရောက်ပြီးသူ လူပေါင်းတစ်သန်းလောက်ကို နှစ်စဉ် ပေါင် ၁.၇ သန်း အကုန်ကျခံကာ လေ့လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ နှစ်စဉ် လူပေါင်း ၉၀၀၀၀ နီးပါးဟာ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ကင်ဆာ၊ အမျိုးအစား(၂) ဆီးချိုနဲ့ စိတ်ကြောင့်ဦးနှောက်ထိခိုက်မှုတွေကြောင့် သေဆုံးနေရပါတယ်။ ဒါတွေဟာ အလုပ်စားပွဲမှာ အချိန်ကြာညောင်းစွာ ထိုင်နေရခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေပါ။ ခပ်သွက်သွက်လမ်းလျှောက်တာနဲ့ စက်ဘီးစီးတာမျိုးက အညောင်းထိုင်သူတွေအတွက် အသင့်လျော်ဆုံး လေ့ကျင့်ခန်းတွေဖြစ်တယ်လို့လည်း သုတေသနထုတ်ပြန်ချက်ထဲမှာ အကြံပေးထားပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ