Health: မိုးရာသီမှာ ကိုယ်ခံအားစနစ်ကောင်းစေဖို့

ကိုယ်ခံအားမကောင်းရင်  ချောင်းဆိုး၊ နှာစေးနဲ့ နေမကောင်းတာ တွေဖြစ်လေ့ရှိပါတယ်။

 

မိုးရာသီဟာ ကိုယ်ခံအားစနစ်ကို ထိခိုက်လေ့ရှိပါတယ်။ ကိုယ်ခံအားမကောင်းရင်  ချောင်းဆိုး၊ နှာစေးနဲ့ နေမကောင်းတာ တွေဖြစ်လေ့ရှိပါတယ်။

အစိမ်းရောင်

သခွားသီး၊ ပန်းပွင့်စိမ်းနဲ့ အစိမ်းရောင်အသီးအရွက်တွေကတော့ စားပေးရမှာ ဖြစ်ပါတယ်။ အစာခြေစနစ်ကို သက်သောင့်သက်သာ ရှိစေပါတယ်။

ရေအေး

ရေအေးကို ရှောင်ပါ။ အစာခြေစနစ်ပြဿနာ ဖြစ်နိုင်ပြီး စွမ်းအင်ကင်းမဲ့သလို ခံစားရစေပါတယ်။

မာလကာသီး

မာလကာသီး စားပေးပါ။ သံပုရာသီးနဲ့ နာနတ်သီးတို့လို ဗီတာမင်စီကြွယ်ဝပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းလည်း များပါတယ်။

သလဲသီး

သွေးလည်ပတ်မှုကို ကောင်းစေပါတယ်။ ခန္ဓာကိုယ်ကိုလည်း သန့်စင်စေပါတယ်။

ထီး

ထီးဆောင်းဖို့ မပျင်းပါနဲ့။ ထီးယူဖို့ မမေ့ပါနဲ့။

Photos & Source: Zee News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ