Health: ကျန်းမာရေးအတွက် ကိုယ်တိုင်လုပ်သောက်နိုင်တဲ့ ဖရဲသီးအစေ့ ရေနွေးကြမ်း

, updated

ဖရဲသီးအစေ့က မှတ်ဉာဏ်ကို ပိုမိုကောင်းမွန်စေပြီး ကြွက်သားဆဲလ်တွေ ကျန်းမာစေနိုင်ကာ နှလုံးကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။

play


ဖရဲသီးစားခြင်းက ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေပါတယ်။ အစာအိမ် အူလမ်းကြောင်း ကျန်းမာရေး၊ ရောင်ရမ်းမှုအမျိုးမျိုး၊ အသားဝါရောဂါ၊ ကျောက်ကပ်ကျောက်တည်ခြင်း၊ ဆီးလမ်းကြောင်း ပြဿနာများအတွက် ဖရဲသီးစားခြင်းက ကောင်းမွန်ပါတယ်။

play


ဖရဲသီးက ကျန်းမာရေးကို အထောက်အကူပြုသလို Citrulline ဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့ ဖရဲသီးအစေ့ကလည်း သွေးကြောတွေအတွက် ကောင်းမွန်စေပါတယ်။ Citrulline က သွေးကြောများ လုပ်ငန်းပုံမှန်ဆောင်ရွက်ရန်အတွက် အထောက်အကူ ဖြစ်စေပါတယ်။

play


ဖရဲသီးအစေ့က သွေးတိုးရောဂါ၊ နှလုံးရောဂါကြောင့် ရင်ဘတ်အောင့်ခြင်းနဲ့ ကိုလက်စထရော မြင့်တက်မှုကြောင့် ဖြစ်တတ်တဲ့ ရောဂါတွေအတွက် ကုသပေးနိုင်ပါတယ်။ ဒါ့အပြင် ဖရဲသီးအစေ့က မှတ်ဉာဏ်ကို ပိုမိုကောင်းမွန်စေပြီး ကြွက်သားဆဲလ်တွေ ကျန်းမာစေနိုင်ကာ နှလုံးကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။

play


ဖရဲသီးစားပြီးပါက ဖရဲသီးအစေ့ကို လွှင့်မပစ်ဘဲ ဖရဲသီးစေ့ရေနွေးကြမ်း ကိုယ်တိုင်လုပ်သောက်နိုင်တဲ့ နည်းလမ်းကို ဖော်ပြထားပါတယ်။

play


၁။ ဖရဲသီးအစေ့ ဟင်းစားဇွန်း ၄ ဇွန်းကို ကြေညက်ပြီး အမှုန့်ဖြစ်အောင် ပြုလုပ်ပါ။
၂။ ရေသန့်ဘူး ၂ ဘူးစာ ရေဖြင့် ဖရဲသီးအစေ့ အမှုန့်များကို ၁၅ မိနစ်မျှ ကြိုချက်ပါ။
၃။ ဖရဲသီးစေ့ ရေနွေးကြမ်း ရရှိပါပြီ။
၎။ ဖရဲသီးအစေ့ ရေနွေးကြမ်းကို နှစ်ရက်ဆက်တိုက်သောက်ပြီး တစ်ရက်နားပါ။
၅။ နှစ်ရက်သောက် တစ်ရက်နား ပုံစံဖြင့် နှစ်ပတ်ကြာ သောက်သုံးနိုင်ပါတယ်။

ဖရဲသီးအစေ့ ရေနွေးကြမ်းမှာ ကျန်းမာရေးအတွက် နေ့စဉ်လိုအပ်တဲ့ ဗီတာမင် A, B, C နဲ့ Calcium, Magnesium, Iron နဲ့ antioxidants တွေ ပါဝင်ပါတယ်။
Source & Photo: Daily Health

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ