Health: လည်ပင်းနာပြီး တောင့်တင်းနေရခြင်းရဲ့အကြောင်းရင်း (၄) ခု

ထိခိုက်မိတာမျိုးမရှိပါဘဲ လည်ပင်းကြွက်သားတွေ နာကျင်တောင့်တင်းနေတာမျိုး ကြုံဖူးကြမှာပါ။ များသောအားဖြင့် မနက်ခင်းပိုင်းမှာ အဖြစ်များပါတယ်။

play

 

တစ်ခါတလေမှာ အကြောင်းရင်းသေသေချာချာမသိရဘဲ လည်ပင်းကြွက်သားတွေ တောင့်တင်းပြီး လည်ပင်းနာကျင်မှုကို အချိန်ကြာကြာ ခံစားနေရတတ်ပါတယ်။ ကိုယ်တိုင်မသိလိုက်ဘဲ လည်ပင်းနာကျင်မှုကို ခံစားနေရခြင်းက အောက်ပါအကြောင်းရင်းတွေကြောင့် အဓိကဖြစ်နိုင်ပါတယ်။

၁။ အနေအထိုင်

အလုပ်စားပွဲ၊ ဒါမှမဟုတ် စာကြည့်စားပွဲမှာ အနေအထားမမှန်ဘဲ အချိန်ကြာကြာထိုင်မိရာက လည်ပင်းကြွက်သားတွေ တောင့်တင်းနာကျင်လာတတ်ပါတယ်။

play

 

၂။ ခေါင်းအုံး

ညဘက်အိပ်စက်တဲ့အခါ ခေါင်းအုံးက မာလွန်း၊ ပျော့လွန်းနေရင်လည်း လည်ပင်းနာနိုင်ပါတယ်။

၃။ အရှိန်နဲ့လှုပ်ရှားမိတာ

အနောက်ဘက်ကနေ အရှေ့ဘက်ကို အရှိန်နဲ့ရွေ့လျားသွားတာ (ဥပမာ-ကားဘရိတ်ဆောင့်အုပ်လိုက်မျိုး)ကြောင့် လည်ပင်းနာတတ်ပါတယ်။

play

 

၎။ စိတ်

စိတ်ဖိစီးမှု များလာရင် လည်ပင်းတောင့်တင်းတာဖြစ်နိုင်တယ်လို့ ဆေးပညာရှင်တွေက ဆိုထားဖူးပါတယ်။

Source : HealthLine

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ