Health: ည ၈ နာရီမတိုင်ခင် အိပ်ရာဝင်တဲ့ကလေးတွေ အဝလွန်နိုင်ခြေနည်းပါး

ကလေးတွေရဲ့အိပ်စက်မှုကြာမြင့်ချိန်ကလည်း အရေးကြီးပေမယ့် အိပ်ရာဝင်ချိန်ကပိုအရေးပါတယ်လို့လည်း ဆိုပါတယ်။

play

 

အိုဟိုင်းယိုးတက္ကသိုလ်က သုတေသီတွေရဲ့ ၂၅ နှစ်ကြာ ပြုလုပ်ခဲ့တဲ့ သုတေသနရလာဒ်အရ ည ၈ နာရီမတိုင်မီ အိပ်ရာဝင်တဲ့ ကလေးတွေဟာ ဆယ်ကျော်သက်အရွယ်မှာ အဝလွန်လာနိုင်ခြေ နည်းပါးကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒီသုတေသနကို ၁၉၉၁ ခုနှစ်ကတည်းက ပြုလုပ်ခဲ့တာဖြစ်ပြီး လေ့လာမှုမှာ ကလေး ၉၇၇ ဦး ပါဝင်ခဲ့ပါတယ်။

play

 

အသက် ၃ နှစ်မှ ၅ နှစ်ကြား ကလေးတွေရဲ့ အိပ်ရာဝင်ချိန်ဟာ ည ၈ နာရီထက် စောပါက ဆက်ကျော်သက်အရွယ်မှာ အဝလွန်လာနိုင်ခြေ နည်းပါးတာကို တွေ့ရှိခဲ့ရပါတယ်။ ည ၉ နာရီနောက်ပိုင်းမှ အိပ်ရာဝင်တဲ့ ကလေးတွေကတော့ အသက်ကြီးရင့်လာချိန်မှာ အဝလွန်လာနိုင်ခြေ နှစ်ဆပိုများတယ်လို့ သိရပါတယ်။

play

 

ကလေးတွေကို အချိန်ဇယားနဲ့ လမ်းကြောင်းချပေးရင် ပိုပြီးကောင်းမွန်သင့်လျော်တာကြောင့် မိမိကလေးရဲ့အိပ်ချိန်ကို မိဘအုပ်ထိန်းသူတွေက သတ်သတ်မှတ်မှတ်ချထားပေးသင့်တယ်လို့ သုတေသနကိုဦးဆောင်သူ ဒေါက်တာ မီးနာခန်က အကြံပေးခဲ့ပါတယ်။

Source : Mail Australia

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ