Health: ကျောင်းနေရွယ်ကလေးတွေမှာ ငါးမျက်စိ အဖြစ်များ

အရေပြားကို တိုက်ရိုက်ထိတွေ့ရာက ကူးစက်ပါတယ်။

play

 

အရေပြားရောဂါ တစ်မျိုးဖြစ်တဲ့ ငါးမျက်စိ (Molluscum) ဟာ ကျောင်းနေရွယ်ကလေးတွေမှာ အဖြစ်များပြီး  ကူးစက်လွယ်တာကြောင့် သတိပြုဖို့ လိုတယ်လို့ အရေပြားအထူးကုဆရာဝန်ကြီး ဒေါက်တာကျော်ကျော်က ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ငါးမျက်စိလို့ခေါ်ကြတဲ့ Molluscum ဟာ  ခြေထောက်မှာဖြစ်တဲ့ ငါးမျက်စိ (Corn) နဲ့ မတူဘဲ အရေပြားကို တိုက်ရိုက်ထိတွေ့ရာက ကူးစက်တာ ဖြစ်တယ်လို့ သိရပါတယ်။  ပွန်းပဲ့ရာ၊ ကုတ်ရာ၊ ဖဲ့ရာတွေကနေ ကူးစက်ပြန့်ပွားတာမြန်ပြီး ကလေးအချင်းချင်း လက်ပွန်းတတီးကစားရာက ကူးစက်တယ်လို့လည်း အရေပြားအထူးကုဆရာဝန်ကြီး ဒေါက်တာကျော်ကျော်က ပြောကြားထားပါတယ်။

ဖြစ်ခါစမှာ မိဘတွေက သတိမပြုမိဘဲ ကုတ်ဖဲ့တာကြောင့် ပွားလာပြီး အရေပြားမှာ ရာနဲ့ချီ ပြွတ်သိပ်လာမှ ဆရာဝန်ကို ပြတတ်ကြတယ်လို့လည်း ဆိုပါတယ်။ ငါးမျက်စိဟာ အပ်ခေါင်းသာသာ အရွယ်ကစကာ ပဲနီလေးစေ့အရွယ်အထိရှိပြီး ရောဂါဖြစ်ခါစမှာ ငါးမျက်စိတစ်လုံး၊ နှစ်လုံးသာရှိတယ်လို့ သိရပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ