Health: ညဘက် သင်အိပ်မပျော်တဲ့ အချိန်ကိုကြည့်ပြီး သင့်စိတ်အခြေအနေကို ခန့်မှန်းလို့ရ

, updated

၁ နာရီကနေ ၃ နာရီကြားမှာ နိုးနေတယ်ဆိုရင်တော့ အပြစ်တစ်ခုခု ဒါမှမဟုတ် ဒေါသစိတ်နဲ့ ပတ်သက်နေပါတယ်။

play

 

၁၁ နာရီကနေ ၁ နာရီကြား

ဒီအချိန်တွေမှာ အိပ်မပျော်သူတွေဟာ အခြားလူတွေရဲ့ အပြစ်ကို မြင်လွန်းသူဖြစ်နေနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် သုံးသပ်လွန်းနေသူလည်း ဖြစ်တတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတဲ့ ပြဿ     နာနဲ့လည်း ရင်ဆိုင်နေရနိုင်ပါတယ်။ Chinese Medicine Body Block ရဲ့အဆိုအရ ချစ်ခင်သူတွေကြောင့် စိတ်မကောင်းဖြစ်နေရသူတွေဟာလည်း ဒီအချိန်မှာ အိပ်မပျော်တတ်ပါဘူး။ ကျန်းမာရေးရှုထောင့်က ဆိုရင်တော့ သည်းခြေအိတ်က အဆီလျှော့စားဖို့ သင့်ခန္ဓာကိုယ်ကို ပြောနေတာပါ။ ဆေးလိပ်လည်းလျှော့သောက်ပြီး ကဖိန်းဓာတ်ပါတဲ့အချိုရည်တွေနဲ့ ကော်ဖီလည်း လျှော့သင့်နေပါတယ်။

၁ နာရီကနေ ၃ နာရီကြား

play

 

၁ နာရီကနေ ၃ နာရီကြားမှာ နိုးနေတယ်ဆိုရင်တော့ အပြစ်တစ်ခုခု ဒါမှမဟုတ် ဒေါသစိတ်နဲ့ ပတ်သက်နေပါတယ်။ တစ်စုံတစ်ယောက်ဟာ အပြစ်ရှိတယ်လို့ ခံစားရတာ၊ ဒါမှမဟုတ် သင်ကိုယ်တိုင်က အပြစ်ရှိတယ်လို့ ခံစားရနေတဲ့ ပြဿ    နာမျိုးရှိနေပါတယ်။ တွေးလိုက်တိုင်း ဒေါသဖြစ်နေရတဲ့ ကိစ္စတစ်ခု သို့မဟုတ် အမြောက်အများ ရှိနေပါတယ်။ ကျန်းမာရေးအရဆိုရင်တော့ သင့်အသည်းကို ဂရုစိုက်ဖို့ လိုနေပါတယ်။

၃ နာရီကနေ ၅ နာရီကြား

ဝမ်းနည်းပူဆွေးမှုနဲ့ ဆက်စပ်နေပါတယ်။ ဒီအချိန်မှာ နိုးနေတာဟာ ချစ်တဲ့သူနဲ့ခွဲခွာရတာတွေ၊ ဘဝရဲ့ဆိုးဝါးလွန်းတဲ့ မကောင်းတဲ့အပိုင်းတွေကြောင့်ပါ။ ရင်းနှီးတဲ့သူငယ်ချင်းကို ကိုယ်ပြောချင်တာတွေ ပြောပြတာမျိုး လုပ်သင့်ပါတယ်။ ကျန်းမာရေးအရဆိုရင်တော့ သင့်အဆုပ်ကို ဂရုစိုက်သင့်ပါတယ်။

၅ နာရီကနေ ၇ နာရီ

play

 

အကျင့်မရှိဘဲ ဒီအချိန်မှာ အစောကြီးနိုးနေတာမျိုးဟာ သင့်ဘဝမှာ တိုးတက်မှုကင်းမဲ့နေတဲ့ အဓိပ္ပာယ်ပါ။ သင်ထင်သလောက်မတိုးတက်တာ၊ သင်ရည်မှန်းသလောက် မတိုးတက်တာတွေ ရှိနေပါတယ်။ သင့်ကိုသင် မကျေနပ်တာ၊ အားမရတာတွေလည်း ရှိနေပါတယ်။ ကျန်းမာရေးအရ သင့်အစာအိမ်မှာ ပြဿ     နာရှိနေနိုင်ပါတယ်။

Photos & Source: Lifehack

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ