Health: အူအတက် ဖယ်ထုတ်ထားတဲ့ အမျိုးသမီးများ ကလေးပိုရနိုင်

အမျိုးသမီးများ အနေဖြင့် ခန္ဓာကိုယ်မှ ဖယ်ရှားပစ်နိုင်တဲ့ ရောင်ရမ်းနိုင်သော ကိုယ်တွင်းအင်္ဂါများကို ဖယ်ရှားလိုက်ခြင်းဖြင့် ကိုယ်ဝန်ဆောင်နိုင်တဲ့ အခွင့်အလမ်းပိုရှိပါတယ်။

play


အူအတက် သို့မဟုတ် အာသီး ဖယ်ရှားထားတဲ့ အမျိုးသမီးတွေက ကလေးပိုရနိုင်ကြောင်း ၁၅ နှစ်ကြာပြုလုပ်ခဲ့တဲ့ သုတေသနလဒ်က ပြောပါတယ်။ ဒွန်ဒီးတက္ကသိုလ်မှ သုတေသီတွေက ဗြိတိန်နိုင်ငံမှ အမျိုးသမီး ငါးသိန်းကျော်ရဲ့ ဆေးမှတ်တမ်းတွေကို ပြုစုလေ့လာခဲ့တာ ဖြစ်ပါတယ်။

play


အမျိုးသမီးများ အနေဖြင့် ခန္ဓာကိုယ်မှ ဖယ်ရှားပစ်နိုင်တဲ့ ရောင်ရမ်းနိုင်သော ကိုယ်တွင်းအင်္ဂါများကို ဖယ်ရှားလိုက်ခြင်းဖြင့် ကိုယ်ဝန်ဆောင်နိုင်တဲ့ အခွင့်အလမ်းပိုများကြောင်း သုတေနသရလဒ်က ဖော်ပြပါတယ်။

ဇီဝဗေဒအရ အူအတက် သို့မဟုတ် အာသီးတို့ကို ပိုးမွှားဝင်ရောက်ပြီး ရောင်းရမ်းမှုဖြစ်ခြင်းက အမျိုးသမီးများရဲ့သားအိမ်ကို သက်ရောက်မှုရှိတယ်လို့ ဆိုပါတယ်။ သုတေသီတွေရဲ့ ယခုတွေ့ရှိချက်ကို ပိုမိုခိုင်မာစေဖို့အတွက် နောက်ထပ် သုတေသနတွေ လိုအပ်နေသေးကြောင်းလည်း သိရပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ