Health: နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာ ဒီ (၅) ချက်ကြောင့်ဖြစ်

, updated

နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ရင် ကျန်းမာရေးဆိုးကျိုးတွေ များစွာ ရလာနိုင်ပါတယ်။

play

 

အိပ်ရေးမဝခြင်းရဲ့ အဓိက တရားခံနှစ်ခုက အိပ်ချိန်နည်းပါးခြင်းနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်လို့ ဖြစ်ပါတယ်။ အိပ်ချိန်နည်းပါးတာဟာ သိသာမြင်လွယ်တဲ့ အခြေအနေဖြစ်ပေမဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာကိုတော့ သင်ရုတ်တရက် မသိနိုင်ပါဘူး။

နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်နိုင်ဖြစ်ရတဲ့ အကြောင်းရင်း (၅) ခုရှိပါတယ်။

၁။ အိပ်ခန်း အလင်းအမှောင်

play

 

သင့်ရဲ့ အိပ်ခန်းက အိပ်စက်ဖို့အတွက် လုံလောက်တဲ့ အမှောင်မျိုး မရရင်လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာမျိုး ဖြစ်တတ်ပါတယ်။ အခန်းရဲ့ အလင်းအမှောင်ကို သင့်ရဲ့မျက်လုံးက ပိတ်ထားသည့်တိုင် ကောင်းကောင်း သိနေပါတယ်။

၂။ လေ့ကျင့်ခန်းမလုပ်ခြင်း

play

 

လေ့ကျင့်ခန်း မလုပ်ဘဲ အိပ်စက်တဲ့ နှလုံးခုန်နှုန်းဟာ ပုံမှန်မဟုတ်ဘဲ ဖြစ်လာတတ်ပါတယ်။ အထူးသဖြင့် ကျန်းမာရေးမှာ စံတင်လောက်အောင် မကောင်းသူတွေက နှလုံးခုန်မမှန်ဖြစ်တတ်ပြီး အိပ်စက်ခြင်းကို အနှောက်အယှက်ပေးပါတယ်။

၃။ မွေ့ရာကြောင့်

play

 

လူအတော်များများကတော့ ကောင်းကောင်းမအိပ်စက်နိုင်ရခြင်း အကြောင်းရင်းဟာ မွေ့ရာကြောင့်လည်း ဖြစ်တတ်တယ်ဆိုတာ သတိမထားမိကြပါဘူး။ ဒါကြောင့် ကောင်းကောင်းမအိပ်နိုင်တော့ဘူးဆိုရင် မွေ့ရာလဲဖို့လည်း မမေ့ပါနဲ့။

၎။ အစားများလို့

play

 

အထူးသဖြင့် ညဘက်တွေမှာ အစားအများကြီး စားမိလိုက်ရင်လည်း ရင်ပြည့်ပြီး နှစ်နှစ်ခြိုက်ခြိုက် မအိပ်နိုင်ဖြစ်တတ်ပါတယ်။ ပီဇာ၊ ခေါက်ဆွဲကြော်တို့လို ဗိုက်အရမ်းပြည့်စေတာမျိုးတွေ ညဘက်စားတာ ရှောင်ပါ။

၅။ စိတ်ပူနေရလို့

play

 

တစ်စုံတစ်ခုကို သင်စိတ်ပူပန်နေရတာမျိုး ကြုံနေရရင်လည်း ကောင်းကောင်းမအိပ်စက်နိုင် ဖြစ်ရပါတယ်။ စိတ်ပူတာဟာ ကောင်းကျိုး မရနိုင်တဲ့အတွက် ပူပန်တတ်တာ၊ စိတ်ဖိစီးတတ်တာကိုဖျောက်ဖျက်ဖို့ လုပ်သင့်ပါတယ်။

Source : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ