Health: ဝတဲ့လူတွေရဲ့ ဦးနှောက်က အိုတာ ပိုပြီးမြန်

ဆယ်နှစ်အသက်ကြီးတဲ့လူတွေနဲ့ အတူတူ ဖြစ်ပါတယ်။

play

 

အဝလွန်နေတဲ့လူတွေရဲ့ ဦးနှောက်က ပိန်တဲ့လူတွေရဲ့ဦးနှောက်ထက် အိုတာပိုပြီးမြန်တယ်လို့ သုတေသနတစ်ခုက တွေ့ရှိခဲ့ပါတယ်။ အဝလွန်နေတဲ့ သက်လတ်ပိုင်းလူတွေရဲ့ ဦးနှောက်ဟာ ခန္ဓာကိုယ်ပိန်ကာ ဆယ်နှစ်အသက်ကြီးတဲ့လူတွေနဲ့ အတူတူ ဖြစ်တယ်လို့ အဆိုပါသုတေသနက ဆိုပါတယ်။

play

 

သုတေသနကို Cambridge တက္ကသိုလ်က ပြုလုပ်ခဲ့တာဖြစ်ပြီး လူ့ဦးနှောက်ဟာလည်း အသက်အရွယ်အလိုက် အိုမင်းလာတာဖြစ်ပေမဲ့ အဝလွန်မှုဟာ ဦးနှောက်ကိုပါ သက်ရောက်မှုရှိနေတာ ဖြစ်ပါတယ်။ သုတေသနဟာ အသက် ၂၀ နဲ့ ၈၇ နှစ်ကြား လူပေါင်း ၄၇၃ ယောက်ကို လေ့လာခဲ့တာဖြစ်ပြီး အဝလွန်မှုဟာ ဦးနှောက်ရဲ့ဖွဲ့စည်းပုံပေါ် သက်ရောက်မှုတွေကို သုတေသနပြုခဲ့တာ ဖြစ်ပါတယ်။

သက်လတ်ပိုင်းနဲ့ သက်လတ်ပိုင်းအထက်ကို လေ့လာခဲ့တာကြောင့် ကလေးတွေနဲ့ လူငယ်ပိုင်းတွေတော့ ပါဝင်ခြင်းမရှိခဲ့ပါဘူး။

Photos & Source: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ