Health: သောက်တာများနေပြီဆိုတဲ့ လက္ခဏာ (၅) ရပ်

တစ်ခုခုဆိုတာနဲ့ သောက်ဖို့ကိုအရင်ဆုံးသတိရတယ်ဆိုရင်တော့ သိပ်မကောင်းတော့ပါဘူး။

play

 

၁။ မိုက်ရူးရဲဆန်လာတယ်

မူးလာပြီဆိုတာနဲ့ သာမာန်အချိန်မျိုးတွေမှာ မလုပ်ရဲတာတွေ၊ အရင်တုန်းက စိတ်ကူးတောင်မယဉ်ခဲ့တဲ့အရာတွေကို လက်တွေ့အကောင်အထည်ဖော်မိနေပြီဆိုရင်တော့ သတ္တိရှိရှိလုပ်ပြတာထက်စာရင် မိုက်ရူးရဲဆန်တဲ့ ပေါက်ကရတွေ ပိုလုပ်မိကြပါတယ်။ ရှက်စရာကောင်းတာတွေ၊ အန္တရာယ်ဖြစ်စေနိုင်တာတွေကို ရူးရူးမိုက်မိုက်လုပ်လာပြီဆိုရင်တော့ ဗိုက်ထဲမှာ အယ်လ်ကိုဟော တော်တော်များနေတဲ့လက္ခဏာပါ။

play

 

၂။ ပိတ်ရက်တိုင်းမှာ တက်ကြွနေပြီ

ပိတ်ရက်မှာ စိတ်ကြိုက်သောက်လို့ရတယ်ဆိုတဲ့စိတ်က တစ်ချိန်လုံးစိုးမိုးနေတယ်။ တကယ်လည်း သောက်ဖြစ်နေတယ်ဆိုရင်တော့ ကျန်းမာရေးအတွက် ရင်လေးစရာပါပဲ။

play

 

၃။ အကျင့်တစ်ခုလိုဖြစ်လာပြီ

အရက်စွဲနေတာမျိုးမဟုတ်ပါဘဲ အမြဲတမ်းလိုလို သောက်ဖြစ်လာတယ်။ သောက်တိုင်းလည်းဝင်နေတယ်ဆိုရင်တော့ မကြာခင် အရက်စွဲသွားနိုင်ပြီ။ ဒီအခြေအနေကိုမရောက်အောင် ထိန်းချုပ်သင့်ပါပြီ။

play

 

၎။ မှတ်ဉာဏ်သိပ်မကောင်းတော့

မှတ်ဉာဏ်တွေ ယာယီပျောက်ဆုံးကုန်တာမျိုးက အရက်ကြောင့် ဦးနှောက်ဆဲလ်တွေ ပျက်စီးစပြုနေပြီဆိုတဲ့ လက္ခဏာပါ။ သေးသေးမွှားမွှားလေးဆိုပြီး ဂရုမစိုက်ဘဲ မနေပါနဲ့။

play

 

၅။ အရင်းနှီးဆုံးလူတွေနဲ့ သိပ်အဆင်မပြေတော့ဘူး

ဒီလိုဆိုရင် အတော်ဆိုးရွားတဲ့ အခြေအနေရောက်နေပါပြီ။ ခေါင်းထဲမှာ အယ်လ်ကိုဟောလောက် ဘာမှအရေးမကြီးတော့သလို ဖြစ်လာကာ အရင်းနှီးဆုံးလူတွေနဲ့ အဆင်မပြေဖြစ်လာခြင်းက ဘဝကို အနုတ်လက္ခဏာဆန်ဆန် ပျက်စီးစေမယ့် အကြောင်းတရားပါပဲ။ မိသားစုဝင်တွေ၊ အရင်းနှီးဆုံးဘော်ဒါတွေနဲ့ သူစိမ်းဆန်သလို ဖြစ်လာပြီလို့ ခံစားမိတာနဲ့ ကိုယ်သောက်နေတဲ့ ပမာဏနဲ့ အချိန်အဆကို ပြန်ဆန်းစစ်ရမယ်ဆိုတာ မမေ့သင့်ပါဘူး။

Source : Menhealth

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ