Health: အိပ်မပျော်ခြင်းနဲ့ အအိပ်လွန်ခြင်းက လေဖြတ်နိုင်ခြေ မြင့်တက်စေ

သုတေသီတွေက စနစ်တကျ အိပ်စက်မှုမရှိခြင်းနဲ့ လေဖြတ်မှုတို့ကြား ဆက်နွယ်မှုကို လေ့လာမှုအများအပြား ပြုလုပ်ခဲ့ကြကြောင်း သိရပါတယ်။


ညဘက်အိပ်မပျော်ဘဲ အိပ်ချိန်နည်းခြင်းနဲ့ အအိပ်လွန်ခြင်းက လေဖြတ်နိုင်ခြေကို မြင့်တက်စေကြောင်း သုတေသနအသစ်က ဆိုပါတယ်။ သုတေသနအရ ညဘက်အိပ်မပျော်ဖြစ်ခြင်းနဲ့ အလွန်အကျွံအိပ်ခြင်းက ဦးနှောက်အတွင်း သွေးပို့လွှတ်မှုကို ပြတ်တောက်သဖြင့် လေဖြတ်ရောဂါ ခံစားရနိုင်ခြေကို မြင့်တက်စေကြောင်း သိရပါတယ်။


သုတေသနအရ စနစ်တကျမရှိတဲ့ အိပ်စက်မှုပုံစံနဲ့ လေဖြတ်နိုင်ခြေမြင့်တက်မှု၊ လေဖြတ်နေသူများ ပြန်လည်နာလန်ထူမှုတို့ကြား ဆက်နွယ်မှုရှိကြောင်း ပိုမိုခိုင်မာစေတယ်လို့ ဆိုပါတယ်။ ယခင်ကလည်း လေဖြတ်သူနဲ့ လေဖြန်းသူတွေဟာ အိပ်စက်မှုပုံစံ မမှန်တတ်ကြကြောင်း သုတေသနပြုလုပ် တွေ့ရှိထားပါတယ်။


သုတေသနကို ဂျာမနီနိုင်ငံ University Hospital Essen မှ ဒေါက်တာဒက်ခ်ဟာမန်းက ဦးဆောင်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အိပ်စက်နေချိန်မှာ အသက်ရှူ ခေတ္တရပ်သွားတတ်ခြင်းကလည်း လေဖြတ်နိုင်ခြေကို မြင့်တက်စေကြောင်း သုတေသီတွေက ပြောပါတယ်။ သုတေသီတွေက စနစ်တကျ အိပ်စက်မှုမရှိခြင်းနဲ့ လေဖြတ်မှုတို့ကြား ဆက်နွယ်မှုကို လေ့လာမှုအများအပြား ပြုလုပ်ခဲ့ကြကြောင်း သိရပါတယ်။
Source & Photo: DLML

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ