Health: မြန်မာနိုင်ငံက လူနှစ်ဦးမှာ တစ်ဦးက ဝက်ခြံပေါက်တဲ့ ပြဿနာရှိနေ

မတည့်တဲ့ ဓာတုပစ္စည်းပါ အလှကုန်တွေ သုံးတာကြောင့် အဖြစ်များနေပါတယ်။

play

 

ဝက်ခြံပြဿ      နာဟာ မြန်မာနိုင်ငံက လူနှစ်ဦးမှာ တစ်ဦးနှုန်းနဲ့ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

 အများစုဟာ မျက်နှာနဲ့ မတည့်တဲ့ ဓာတုပစ္စည်းတွေပါဝင်တဲ့ အလှကုန်တွေကို သုံးရာက ဖြစ်ပွားနေတာလို့ အရေပြားဆရာဝန်ကြီးတွေက ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။ အရေပြားဆေးခန်းကိုလာတဲ့ လူနာတစ်ဝက်လောက်ဟာ ဝက်ခြံသမားတွေဖြစ်နေပြီး ဓာတုဗေဒတွေပါတဲ့ ဆေးတွေသုံးကာ ဝက်ခြံမပျောက်ဘဲ မျက်နှာကို ထိခိုက်တာဖြစ်တယ်လို့ အရေပြားရောဂါ အထူးကုဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦးက ပြောကြားထားပါတယ်။

play

 

 အဖြစ်များတဲ့ ဝက်ခြံတွေဟာ ဆားဝက်ခြံ၊ ဝက်ခြံပုန်းနဲ့ ဝက်ခြံတွေဖြစ်ပြီး စိတ်ဖိစီးမှု၊ လေထုညစ်ညမ်းမှု၊ အိပ်ရေးပျက်မှုနဲ့ နေထိုင်စားသောက်မှု ပုံစံမကျတာတွေကြောင့် ဖြစ်ပေါ်တတ်ပါတယ်။ လက်ရှိမှာ မတည့်တဲ့ ဓာတုပစ္စည်းပါ အလှကုန်တွေ သုံးတာကြောင့် အဖြစ်များနေတာလို့ သိရပါတယ်။

Photos & Source:7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ