Health: ကမ်းခြေကို မကြာခဏသွားသူတွေက ပိုမိုကျန်းမာ

ကမ်းခြေဟာ စိတ်ဖိစီးမှုကို ပြေပျောက်စေတာတော့ အမှန်ပါပဲ။

play

 

ကုန်းတွင်းပိုင်းမှာ နေုထိုင်သူတွေက စိတ်ဖိစီးမှုတွေများလို့ အပန်းဖြေလိုရင် ကမ်းခြေကို သွားကြတာ များပါတယ်။ ကမ်းခြေဟာ နေ၊ သဲ၊ လှိုင်းလုံးကြီးတွေနဲ့ ရိုးရှင်းတဲ့ ပတ်ဝန်းကျင် ရှိတဲ့အတွက် ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရရှိတဲ့နေရာ ဖြစ်လို့ အကောင်းဆုံးနေရာ ဖြစ်တယ်လို့ လေ့လာမှုတွေက ဖော်ပြထားပါတယ်။

ယူကေမှာ ပြုလုပ်တဲ့ သုတေသနတစ်ခုအရ ကမ်းရိုးတမ်းမှာ နေထိုင်သူတွေဟာ ယေဘုယျအားဖြင့် ပိုမိုကျန်းမာပျော်ရွှင်တာကို တွေ့ရှိကြပါတယ်။ လေ့လာမှုအရ ပင်လယ်ကမ်းခြေတွေကနေ အောက်ပါ အကျိုးကျေးဇူးတွေ ရရှိပါတယ်။

play

 

၁။ ရိုးရှင်းတဲ့ သဘာဝပတ်ဝန်းကျင်က စိတ်ကို ငြိမ်းအေးစေတယ်

၂။ ကမ်းခြေမှာ လေ့ကျင့်ခန်းလုပ်တာက ကယ်လိုရီတွေကို ပိုပြီးလောင်ကျွမ်းစေတယ်

၃။ ရေက စိတ်ဖိစီးမှုကို လျော့ကျစေတယ်

play

 

၎။ (မပြင်းလှတဲ့) သဘာဝနေရောင်က ခန္ဓာကိုယ်ထဲကို ဗီတာမင်ဒီ ဖြည့်တင်းပေးတယ်

၅။ နေရောင်ခြည်က စိတ်ကို တက်ကြွလန်းဆန်းစေတယ်

၆။ သဲသောင်ပြင်ပေါ် ခြေဗလာနဲ့ လမ်းလျှောက်ခြင်းကခြေထောက်ကြွက်သားတွေကို အားကောင်းစေတယ်။

play

၇။ ပင်လယ်ဆားဓာတ်က သင့်ရဲ့ အသားအရေကို ပိုမိုကောင်းမွန်စေပြီး အဆစ်အမြစ် ရောင်ရမ်းနာကျင်ခြင်းကို သက်သာစေပါတယ်။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ