Health: ဖိအားများတဲ့ အဖေတွေနဲ့ နေရတဲ့ကလေးတွေက အပြုအမူပိုင်းဆိုင်ရာ ဆိုးဝါး

ယောကျာ်းလေးတွေဟာ ဘာသာစကားစွမ်းရည် ညံ့ဖျင်းကြတယ်။

play

 

မိဘဖြစ်ရခြင်းနဲ့ပက်သက်ပြီး ဖိအားတွေများနေတဲ့ အဖေအောက်မှာ ကြီးပြင်းလာတဲ့ကလေးတွေဟာ အပြုအမူပိုင်းဆိုင်ရာ ဆိုးသွမ်းကြတယ်လို့ လေ့လာမှုတစ်ခုက တွေ့ရှိခဲ့ပါတယ်။

စိတ်ပိုင်းဆိုင်ရာလည်း တိုးတက်မှု နှေးကွေးတာကြောင့် အဆိုပါကလေးတွေဟာ ကြီးလာတဲ့အခါ စိတ်ကျရောဂါဖြစ်နိုင်ခြေတွေလည်း သူများထက် ပိုများတယ်လို့ ဆိုပါတယ်။ စိတ်ဖိစီးမှုရေရှည်ဖြစ်နေတဲ့ ဖခင်တွေအောက်မှာနေရတဲ့ ယောကျာ်းလေးတွေဟာ ဘာသာစကားစွမ်းရည် ညံ့ဖျင်းကြပြီး  ဖခင်ဟာ ကလေးတွေရဲ့ ဘာသာစကားတိုးတက်မှုမှာ မိခင်နဲ့ မတူတဲ့ သက်ရောက်မှုတွေ ရှိတယ်လို့လည်း သိရပါတယ်။ 

play

 

သုတေသနကို Michigan State တက္ကသိုလ်က ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီလိုဖြစ်ရတာဟာ ကလေးတွေရဲ့ အပြုအမူတွေကို ဖခင်တွေက စောင့်ကြည့်မပေးနိုင်တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။  လေ့လာမှုဟာ ဝင်ငွေနည်းပါးတဲ့ မိသားစုပေါင်း ၇၃၀ ကို သုတေသနပြုခဲ့တာဖြစ်ပြီး ဖခင်တွေကို မေးခွန်းတွေ မေးခဲ့ပါတယ်။

Photos & Source: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ