Health: နားထဲရေဝင်ရင် ဖြေရှင်းလို့ရတဲ့နည်း (၈) နည်း

ပီကေဝါးတာကလည်း နားထဲရေဝင်တာကို ဖယ်ရှားရာမှာ ကူညီပေးပါတယ်။

play

 

၁ - အဝတ်စ

play

 

သန့်ရှင်းတဲ့အဝတ်စ၊ ပျော့ပြောင်းတဲ့အဝတ်စနဲ့ နားအပြင်ဘက်ပိုင်းကို ဖြည်းဖြည်းချင်းသန့်ရှင်းပါ။ အဝတ်ဘက်ကို ခေါင်း စောင်းထားလို့လည်း ရပါတယ်။ အဝတ်စကို နားထဲ ထိုးထည့်တာမျိုး မလုပ်ပါနဲ့။ ရေကို နားထဲ ပြန်ထိုးထည့်သလို ဖြစ်နိုင်ပါတယ်။

၂ - ဆွဲအား

play

 

ခြေထောက်တစ်ဖက်တည်းနဲ့ရပ်ပြီး ခေါင်းကို စောင်းထားပါ။ နားကျယ်သွားစေဖို့ နားရွက်ကို ဆွဲထားတာကလည်း ရေတွေထွက်ဖို့ အထောက်အကူဖြစ်ပါတယ်။ ဘေးတစောင်းကို မိနစ်အနည်းငယ်ကြာအောင် အိပ်ပေးလို့ ရပါတယ်။

၃ - လေဟာနယ်

play

 

ရေဝင်သွားတဲ့နားကို လက်ဝါးနဲ့ ပိတ်လိုက် ဖွင့်လိုက် လုပ်ပါ။ နားကို စောင်းထားဖို့ လိုပါတယ်။

၎ - ဆံပင်ခြောက်စက်

play

 

ဆံပင်ခြောက်စက်ရဲ့ အပူချိန်ကို အနိမ့်ဆုံးထားပါ။ ခေါင်းရဲ့ မီတာသုံးဆယ်အကွာကနေ နားထဲကရေတွေ ထွက်သွားတယ်လို့ ခံစားရတဲ့ထိ မှုတ်ပေးရမှာဖြစ်ပါတယ်။ သတိပြုရမှာက ခေါင်းနဲ့တအား မကပ်ပါနဲ့။ အပူချိန်မြင့်မြင့်မထားပါနဲ့။

၅ - နားဆူဆေး

play

 

နားဆူဆေးအနည်းငယ်ထည့်ပြီး နားကို တစ်ဖက်စောင်းချလိုက်ပါ။

၆ - ပီကေ

play

 

ပီကေဝါးတာကလည်း နားထဲရေဝင်တာကို ဖယ်ရှားရာမှာ ကူညီပေးပါတယ်။

၇ - လေဖိအား

play

 

ပါးစပ်ကိုပိတ်ပါ၊ နှာခေါင်းကို လက်နဲ့ပိတ်ပါ။ နောက်ပြီးရင် ပိတ်ထားတဲ့အတိုင်းပဲ အသက်ရှုသလိုလုပ်ပါ။ နားထဲက ရေတွေရွေ့သွားသလို ခံစားရရင် သင်လုပ်တာမှန်ပါတယ်။

Photos & Source: enkivillage

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ