Health: အသက်လေးနှစ်သာရှိသေးတဲ့ အဘိုးအိုလေး

သက်ကြီးပုလေးလို့ပဲ ထင်နေကြတာပါ။

play

 

အရပ်ပုပု၊ နားရွက်ကားကားနဲ့ အဘိုးအိုလေးရဲ့အသက်အမှန်ကို သိလိုက်ရရင် အံ့သြသွားကြပါတယ်။ သူ့ရဲ့အသက်အစစ်အမှန်က လေးနှစ်သာ ရှိနေသးလို့ပါ။

play

 

ဘင်္ဂလားဒေ့ရှ်က လေးနှစ်သားလေး Bayezid Shikdar ဟာ ကံမကောင်းစွာနဲ့ပဲ ငယ်ငယ်ရွယ်ရွယ်မှာ သက်ကြီးရွယ်အိုတစ်ယောက်လို ဖြစ်နေရပါတယ်။ ဖျားနာရာကနေ တဖြည်းဖြည်း အိုမင်းသွားခဲ့တယ်လို့ သူ့ရဲ့အုပ်ထိန်းသူတွေကဆိုပါတယ်။

play

 

သက်ကြီးရွယ်အိုတစ်ယောက်လို အရေပြားတွေ ပျော့တွဲနေရုံသာမက နှလုံးကလည်း လူကြီးတစ်ယောက်လို လုပ်ဆောင်ချက်တွေ ကျဆင်းသွားပါတယ်။ အကြားအာရုံရော အမြင်အာရုံတွေပါ ချွတ်ယွင်းသွားတဲ့ Bayezid Shikdar ကို ဒါကာဆေးရုံက ဆရာဝန်တွေက အခမဲ့ ကုသပေးဖို့စီစဉ်နေကြပါတယ်။

Source : AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ